Connect with us

Economy

တရုတ်နိုင်ငံ၏ ပထမဆုံး ဆေးတောင့်ပုံ အခန်းများဖြင့် ဖွဲ့စည်းထားသည့် ဟိုတယ်

တရုတ်နိုင်ငံ လေဆိပ်ရှိ ဆေးတောင့်ပုံ ဟိုတယ်ခန်းများ အား လိုက်လံ စစ်ဆေးနေသည့် လေယာဉ် ဝန်ထမ်းများ အား တွေ့ရစဉ် (ဆင်ဟွာ)

ချင်တောင်၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်း ပြည်နယ်၊ ချင်တောင်မြို့၊ ချင်တောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဟိုတယ် တစ်ခုသည် အခြား ဟော်တယ်များနှင့်မတူဘဲ ဆေးတောင့်ပုံ အခန်းငယ်များ ဖြင့် ဖွဲ့စည်းထားသည့် ဟိုတယ် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ် အမျိုးအစားသည် တရုတ်နိုင်ငံတွင် ပထမဆုံး ဖြစ်ပြီး ချင်တောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဂိတ်ပေါက် ၂ တွင် တည်ရှိကာ အကျယ်အဝန်း အားဖြင့် ၄၀၀ စတုရန်း မီတာ ကျယ်ဝန်းကြောင်း သိရသည်။
ဆေးတောင့်ပုံ အခန်းများဖြင့် ဖွဲ့စည်းထားသည့် ယင်းဟိုတယ်သည် သာမာန် ဟိုတယ်များ၏ ဝန်ဆောင်မှုမျိုး ကို မလိုအပ်သည့် ဧည့်သည်များ အတွက် ရည်ရွယ်ထားကြောင်း သိရသည်။ ယင်းဟော်တယ်တွင် ဈေးနှုန်း အနည်းအများ ကိုလိုက်၍ ဝန်ဆောင်မှုများနှင့် အခန်း အကျယ်အဝန်းသည်လည်း ကွဲပြားသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟော်တယ်များ၏ အားသားချက်မှာ ဈေးသက်သာခြင်းနှင့် အလွယ်တကူ တည်းခိုနိုင်ခြင်းတို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.