Connect with us

Economy

တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲ ဖွင့်ပြီ

၂၀၁၆ ခုနှစ်ကပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တောင်ပိုင်းတွင် ၁၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲအား ဧပြီလ ၁၅ ရက်တွင် ဖွင့်လှစ်လိုက်ပြီး ကုမ္ပဏီပေါင်း ၂၅,၀၀၀ ကျော်က ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။

တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်လေ့ရှိပြီး Canton Fair ဟု လူသိများသော တရုတ် သွင်းကုန် ပို့ကုန်ပြပွဲသည် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး လက္ခဏာ တစ်ရပ်အဖြစ် သဘောထားကြောင်း သိရသည်။ကုန်စည်ပြပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၂၁၀ ကျော်မှ ဝယ်လက်များ တက်ရောက်ရန် မျှော်မှန်းထားကြောင်း၊ ပြီးခဲ့သည့်ပြပွဲသို့ တက်ရောက်လာသည့် အရေအတွက်အတိုင်း ရှိနိုင်ကြောင်း ပြပွဲဖြစ်မြောက်ရေး ပြောခွင့်ရပုဂ္ဂိုလ် Xu Bing က ပြောကြားခဲ့သည်။

ပြပွဲ ပထမအဆင့်အား ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း၊ Haier နှင့် Mides ကဲ့သို့ နာမည်ကြီး တံဆိပ်များ၏ ၎င်းတို့၏ နောက်ဆုံးပေါ် Model များနှင့် အိမ်သုံး ကိရိယာများ၊ လျှပ်စစ်ပစ္စည်းများနှင့် Hardware အပါအဝင် ထုတ်ကုန်များအား ပြသထားမည် ဖြစ်သည်။

ထို့ပြင် ပြပွဲအတွင်း သွင်းကုန်များအတွက် ပြခန်းဧရိယညာ ထားရှိမည် ဖြစ်ပြီး နိုင်ငံနှင့် ဒေသ ၃၄ ခုမှ ကုမ္ပဏီပေါင်း ၆၀၀ ကျော်မှ ပြခန်းပေါင်း ၁,၀၀၀ ဝန်းကျင်ဖြင့် ပြသသွားမည် ဖြစ်သည်။တရုတ်နိုင်ငံ၏ ကုန်စည်တင်ပို့မှသည် ပထမသုံးလအတွင်း ၇.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သွင်းကုန်မှာ ၁၁.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.