Connect with us

Economy

တရုတ်နိုင်ငံသို့ လာရောက်မည့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ခရီးစဉ်အား တရုတ်နိုင်ငံ ကြိုဆို

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin သည် တရုတ်နိုင်ငံသို့ လာရောက်ကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးလိုသည့် သတင်းအား တရုတ်နိုင်ငံက လက်ခံရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က ဧပြီလ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်၌ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံက ကြိုဆိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမည်မဖော်လိုသူ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)