Connect with us

Economy

တရုတ်နိုင်ငံ ကွမ်ရှီဒေသမှ ပြည်သူ ၆၉ဝ,ဝဝဝ ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်ခဲ့

တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ် အားတွေ့ ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ မတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဇူအန်း(Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်အရ ယခုနှစ် ဖေဖော်ဝါရီ ၂၈ရက် မှစတင်ကာ စုစုပေါင်း နွမ်းပါးပြည်သူ ၆၉၅,ဝဝဝ ဦးကို ပိုမိုကောင်းမွန်သော လူနေမှုဘဝသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကွမ်ရှီသည် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အဓိကဆောင်ရွက်နေသော ဒေသတစ်ခုဖြစ်ပြီး လူပေါင်း ၇၁ဝ,ဝဝဝ ဦးအတွက် ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း နှင့် ၎င်းတို့အား ၂ဝ၁၆ ခုနှစ် မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာအစိုးရက ရွှေ့ပြောင်းနေထိုင်ကြသည့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးကူညီပေးသွားမည်ဖြစ်ပြီး အခြေခံလူမှုဘဝလုံခြုံရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရန်လည်း ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သော ဆင်းရဲနွမ်းပါးမှု- ပပျောက်ရေး အလုပ်အစီရင်ခံစာ တစ်စောင်အရ သိရသည်။

တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ရည်မှန်းချက်များ ချမှတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.