Connect with us

Economy

တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုသည် မယိမ်းမယိုင်ဆက်လက်ချီတက်နေ

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း(Tianjin)၌ တည်ဆောက်ထားသော တရုတ်-စင်ကာပူ ထျန်းကျင်း Eco-မြို့ တော် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ)

စီးပွားရေးကဏ္ဍအပေါ် ဖိအားများ တိုးမြင့်လာနေလင့်ကစား တရုတ်နိုင်ငံသည် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုးပမ်းအားထုတ်ခြင်းကို မဆုတ်မနစ်သောဇွဲ နှင့် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကမ္ဘာကြီးကို အာမခံပြောကြားအသိပေးလျက်ရှိသည်။

တရုတ်နိုင်ငံအတွက် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးကို ခေတ်မီအောင်ပြုလုပ်ရာတွင် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အသစ်တစ်ခုတွင် အားလုံးအတွက်အကျိုးအမြတ်ရှိစေမည့် တီထွင်ဆန်းသစ်မှု ၊ ပူးပေါင်းဆောင်ရွက်မှု ၊ အစိမ်းရောင် နှင့် တံခါးဖွင့်ဝါဒ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းမှာ အခြားနိုင်ငံများ၏ တောင်းဆိုချက်ကြောင့် မဟုတ်ဘဲ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ဦးဆောင်ဦးရွက် ပြုလုပ်ပေးနေခြင်းဖြစ်သည်။

များပြားသောနိုင်ငံ့ လူဦးရေ နှင့်အတူ တရုတ်နိုင်ငံသည် အရင်းအမြစ်ဆိုင်ရာကန့်သတ်မှုများ ၊ မကြာခဏသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု နှင့် ဂေဟစနစ်ထိခိုက်မှုတစ်ခု ကို တိုးမြင့်ကြုံတွေ့ခံစားနေရသည်။ ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ပြဿနာရပ်များကို ပိုမို၍ သတိပြုလာခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် ကြည်လင်တောက်ပသော အပြာရောင်ကောင်းကင် နှင့် သန့်ရှင်းလတ်ဆတ်သော ရေ နှင့် မြေဆီ ရရှိရေး အားထုတ်ဆောင်ရွက်ရာတွင် အသေအချာအောင်မြင်မှု ရရှိစေရန် နိုင်ငံတော်အနေနှင့် ရှင်းလင်းစွာ ခေါင်းဆောင်မှုပြုလုပ်ခဲ့သည်။

အဆိုပါ အားထုတ်ဆောင်ရွက်မှုက လွယ်ကူစွာ အောင်မြင်မှု ရလိမ့်မည်တော့ မဟုတ်ပေ။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြည်တွင်းပြည်ပ စိန်ခေါ်မှုများ နှင့် ရှုပ်ထွေးသော အခြေအနေတစ်ရပ်ကို လွန်ခဲ့သော နှစ်အတန်ကြာကတည်းက ရင်ဆိုင်ကြုံတွေ့နေခဲ့ရပြီး တရုတ်နိုင်ငံတွင် ရွေးချယ်စရာ နည်းလမ်း နှစ်သွယ် ရရှိခဲ့သည်။ ယင်းတို့မှာ အရှိန်အဟုန်မြင့်တိုးတက်နေသော စီမံကိန်းအသစ်များ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးရေး အဆင့်အတန်းကို လျှော့ချခြင်း ၊ လေထုညစ်ညမ်းမှုကို အခြေခံကျကျအဖြေရှာရန် နှင့် နောင်လာမည့်မျိုးဆက်များအတွက် အကျိုးရလဒ်ကောင်းကို ဆောင်ကြဉ်းပေးခြင်း မည့် ဂေဟဗေဒဆိုင်ရာ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန်တို့ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရွေးချယ်မှု နှင့် လုပ်ဆောင်ချက်က ၎င်း၏ မဆုတ်မနစ်လုပ်ဆောင်နေသော အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအပေါ် သံသယရှိနေသူများအတွက် ပိုမိုသေချာရေရာစေခဲ့သည်။ တရုတ်နိုင်ငံက “ ဂေဟစနစ်ကာကွယ်ရေးကို ဦးစားပေး ဆောင်ရွက်မည်” ဟု ပြောကြားလိုက်ချိန်တွင် ယင်းမှာ ဟန်ပြရုံသက်သက် လုပ်ဆောင်ချက်တော့ မဟုတ်ပေ။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် တိုင်းပြည်အသားတင်ထုတ်ကုန်တန်ဖိုး(GDP) တစ်ယူနစ်အပေါ်တွင် စွမ်းအင်အသုံးပြုမှုကို ၃ ရာခိုင်နှုန်းအထိ ဖြတ်တောက်လျှော့ချတော့မည်ဖြစ်သည်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၃ ရာခိုင်နှုန်းအထိ လျှော့ချသွားမှာဖြစ်ပြီး အရေးပါသော နယ်မြေဧရိယာများတွင် လေထုသိပ်သည်းမှုကို PM2.5 အထိ လျော့ကျစေရန် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံဗဟိုအစိုးရသည် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် နှင့် ကာကွယ်ရန်အတွက် တရုတ်ယွမ်ငွေ ၂၅ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃.၇၃ ဘီလီယံ) ထိ သုံးစွဲသွားရန် ခွဲတမ်းချထားရာ ယခင်နှစ်ထက်၂၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။ ယင်းမှာ အဓိကဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်ရန် အရင်းအမြစ်များကို အလေးထားအသုံးချနိုင်သည့် တရုတ်အစိုးရအုပ်ချုပ်ရေးယန္တရားစနစ်၏ အားသာချက် သက်သေပြချက်တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ငန်းနယ်ပယ်များတွင်လည်း အားဖြည့်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တောတောင်များ ၊ မြစ်ချောင်းအင်းအိုင်များ ၊ သစ်တောများ ၊ စိုက်ပျိုးမြေများ နှင့် မြက်ခင်းမြေများ၏ ဂေဟစနစ်ကို ပြန်လည်မွမ်းမံခြင်း နှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရိုးရှင်းသော ၊ ခေတ်မီသော ၊ စိမ်းလန်းသော နှင့် ကာဗွန်ထုတ်လုပ်မှု လျော့နည်းသော လူမှုဘဝနေထိုင်ပုံနည်းလမ်းများမှာ တရုတ်နိုင်ငံတွင် အထူးရေပန်းစားမှုများပြား လာနေသည်။ ယင်းမှာ အများပြည်သူအကြား အမြင်တူညီလာခဲ့ခြင်းဖြစ်ပြီး “ သန့်ရှင်းသောရေ နှင့် စိမ်းစိုသော တောတောင်များက အဖိုးမဖြတ်နိုင်ဆိုသည်ကို ၎င်းတို့ကိုယ်တိုင် သိရှိခံစားလာကြပါပြီ ”။

အချက်အလက်တစ်ခု အနေဖြင့် တရုတ်နိုင်ငံ၏ အစိမ်းရာင်ဖွံ့ဖြိုးတိုးတက်မှု လိုလားချက်က တရုတ်နိုင်ငံ နှင့် အခြားကမ္ဘာ့နိုင်ငံများအတွက် စီးပွားရေးကျဆင်းအောင် ဆွဲချဖို့ထက် တိုးတက်အောင် အားပေးလုပ်ဆောင်မှုတစ်ခုပင် ဖြစ်ပေလိမ့်မည်။

တရုတ်နိုင်ငံ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အပူစွမ်းအင် နှင့် သံမဏိစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း ၊ ရေဆိုးစွန့်ပစ်ရေးစနစ်တိုးတက်ကောင်းမွန်ခြင်း နှင့် ပစ္စည်းကိရိယာများကို ကောင်းမွန်စွာအသုံးပြုခြင်း နှင့် ဂေဟစနစ်နှင့်လိုက်လျောညီထွေရှိသော အဆောက်အအုံများ တည်ဆောက်ခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင် နှင့်ဆက်စပ်သည့် ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်တွင် အခွင့်အရေး တိုးတက်မှု အသစ်တစ်ခု ပေါ်ထွက်လာနေသည်။

တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီမှုစာချုပ်ကို ပထမဆုံး လက်မှတ်ရေးထိုးသည့် နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်သည်။တရုတ်နိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်ဝန်းကျင်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု အဆုံးသတ်ရေးကို အကောင်အထည်ဖော်ရန် ကတိပြုထားသည်။

တရုတ်နိုင်ငံ၏ မိရိုးဖလာတွေးခေါ်မျှော်မြင်မှုပုံစံသည် လူသား နှင့် သဘာဝဖြင့် လူမှုဘဝတစ်ခုကို ပုံဖော်တည်ဆောက်ရေး အမြင်ပေါ်တွင် အခြေခံထားသည်။ သဘာဝတရားထဲတွင် အမှန်တရားရှာဖွေခြင်းနည်းလမ်းတစ်ခုတည်းကသာ ကြီးမားသောအမှားအယွင်းကို ရှောင်ဖယ်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုသို့မချောမွေ့သောလမ်းပေါ်တွင် လျှောက်လှမ်းနေရသော်လည်း ယင်းလမ်းကို ဆက်လျှောက်ရန် သန္နိဋ္ဌာန်ပြုထားသည်။ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်တစ်ခုဆီသို့ ဦးတည် ချီတက်နေပြီး နောက်ပြန်လှည့်ရန် အကြောင်း မရှိတော့ပေ။ (Xinhua)