Connect with us

Economy

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စို်က်ပျိုးရေးကုန်စည်ပြပွဲပြုလုပ်မည်

တရုတ်နိုင်ငံရှိ စိုက်ပျိုးရေုးလုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မေလ ၁၀ ရက်၌ အရည်အသွေးမြင့် တရုတ် စိုက်ပျိုးရေး ထုတ်ကုန်များ ခင်းကျင်းပြသမည့် ၃ ရက်ကြာ ကုန်စည်ပြပွဲအား ပြုလုပ်ရန်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်း စိုက်ပျိုးရေး ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံတစ်ဝန်းမှ ပြခန်းပြသသူများနှင့် စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များ စိုက်ပျိုးရေးဆိုင်ရာ အောင်မြင်မှုများနှင့် ဖလှယ်မှုနှင့် ကုန်သွယ်မှု လွယ်ကူစေရေးအတွက် လက်တွေ့ပြသရန် စုဝေးကြမည် ဖြစ်ကြောင်း ပြပွဲ၏ တရားဝင် ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ယင်းပြပွဲအား ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊ စိုက်ပျိုးရေး တီထွင်ဆန်းသစ်မှုရှိရန်နှင့် အစိမ်းရောင် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်ပြပွဲ၌ ပြခန်းပြသသူ ၅၀၀ ကျော်နှင့် စားသုံးသူ ၅၀,၀၀၀ ကျော်အား ဆွဲဆောင်ထားနိုင်ခဲ့ပြီး ယခုနှစ်တွင် စိတ်ဝင်စားသူများအား ပိုမိုဆွဲဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.