Connect with us

Economy

ကမ္ဘာကြီးကို ဆွဲဆောင်ထားသော ခေတ်သစ်ပိုးလမ်းမကြီး

၂၀၁၇ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ကြီးထွားလာသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative= BRI) က ဖွံ့ဖြိုးဆဲနိုင်ငံများရော ဖွံ့ဖြိုးပြီးနိုင်ငံများကိုပါ အကျိုးကျေးဇူးရှိသည့် အလားအလာနှင့် အခိုင်အမာဆွဲဆောင်ထားသည်ကို ပြသနေကြောင်း တွေ့ရသည်။

ယနေ့အထိ တရုတ်နိုင်ငံနှင့်အတူ BRI ပူးပေါင်းဆောင်ရွက်မှုအား လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၁၂၄ နိုင်ငံရှိပြီး နိုင်ငံတကာအဖွဲ့အစည်း ၂၉ ခုရှိခဲ့ပြီဖြစ်သည်။ ပြင်သစ်နိုင်ငံကလည်း တရုတ်နိုင်ငံနှင့်အတူ BRI နှင့် ဆက်စပ်သော တတိယဈေးကွက် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲမြှင့်တင်ရန် သဘောတူခဲ့ပြီး အီတလီနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကလည်း BRI ဖော်ဆောင်မှု ပူးတွဲမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။

နိုင်ငံတကာ ကုန်သွယ်မှု၏ အသက်သွေးကြောဖြစ်သော တရုတ်-ဥရောပ ကုန်တင်ရထားများမှာ တရုတ်နိုင်ငံရှိ ၅၉ မြို့ကို ဥရောပနိုင်ငံ ၁၅ နိုင်ငံရှိ မြို့ပေါင်း ၅၀ ဖြင့် ချိတ်ဆက်ထားကာ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ခရီးစဉ် ၁၄,၀၀၀ အထိ ရောက်ရှိလာခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများမှ နောက်ဆုံးလေ့လာမှုများအရ BRI ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ကုန်သွယ်မှု ကုန်ကျစရိတ် ၁.၁ မှ ၂.၂ ရာခိုင်နှုန်းသို့ လျှော့ချပေးနိုင်မည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအား အနည်းဆုံး ဝ.၁ ရာခိုင်နှုန်း အထောက်အပံ့ပေးနိုင်မည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်လာသော ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာကြီးက မောင်းနှင်ရေးအင်ဂျင်သစ်များ ပူးတွဲရှင်သန်ရန် ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် မညီမျှသော ဖွံ့ဖြိုးတိုးတက်မှု ပြဿနာကို ရင်ဆိုင်နေရပေသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် BRI တွင် တက်ကြွစွာ ပိုမိုပါဝင်ခြင်းက တရုတ် ဈေးကွက်အတွင်းသို့ ပို၍ကောင်းမွန်စွာ ထိုးဖောက်ရန် အသေအချာဖြစ်ပေါ်ခွင့်ပေးမည် ဖြစ်သည်။

ထို့ပြင် BRI အရ ခေတ်သစ် ကုန်သွယ်မှုလမ်းကြောင်းများအဖြစ် ကဏ္ဍများစွာ၌ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများတွင် ၎င်းတို့ အမြတ်ထုတ်နိုင်ခြင်းက ကုန်စည် လုပ်ငန်းပိုင်းတွင်သာမက ဝန်ဆောင်မှုလုပ်ငန်း၊ အထူးသဖြင့် ဆက်စပ်လျက်ရှိသော သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေများ၊ ထောက်ပံ့သယ်ပို့လုပ်ငန်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အကျိုးကျေးဇူးရှိသည့် အခြားသော နယ်ပယ်များ အတွက်လည်း မြှင့်တင်ပေးမည် ဖြစ်သည်။

ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အား ဧပြီလကုန်ပိုင်းတွင် ကျင်းပရန်လျာထားသည်။ နိုင်ငံခေါင်းဆောင် ၄၀ ခန့်အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု အတည်ပြုထားကြသည်။

၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုမှာ အစပျိုးဆောင်ရွက်သည့် အခြေအနေ၌ပင် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တိုးတက်မှုကို မျှဝေမြှင့်တင်ရန် ရှာဖွေခြင်းဖြင့် ကမ္ဘာကြီးအတွက် များစွာ အောင်မြင်စေနိုင်မည်ကို တွေ့ရှိရပေသည်။ (Xinhua)