Economy
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် လူ ၁၀ သန်းစာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သဘာဝ ဓါတ်ငွေ့သိုက်ကြီး တွေ့ရှိ
ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်း ကောက်ယူမှု အဖွဲ့ (CGS) က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် လူဦးရေး ၁၀ သန်းစာ၏ စွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် သဘာဝဓါတ်ငွေ့ သိုက်ကြီးတစ်ခု တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘူမိဗေဒ ပညာရှင်များသည် သဘာဝ ဓါတ်ငွေ့ ဖွဲ့စည်းမှု ပုံစံ နှစ်မျိုးအား အလွှာလေးလွှာ၌ တွေ့ရှိခဲ့ကြောင်း မြေနှင့် သယံဇာတများ ဆိုင်ရာ ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အလွှာများအနက် တစ်လွှာအား စမ်းသပ်မှုများ ပြုလုပ်ရာ တစ်နေ့လျှင် ဓာတ်ငွေ့ ၁၀၀,၀၀၀ ကုဗမီတာ ထုတ်လုပ် နိုင်သည်ကို တွေ့ရှိရကြောင်း CGS က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သဘာဝ ဓါတ်ငွေ့သိုက်ကြီး အတွင်း ထုတ်လုပ်နိုင်သည့် ဓါတ်ငွေ့ပမာဏသည် ၁၀၀ ဘီလီယံ ကုဗမီတာ ရှိမည်ဟု ခန့်မှန်းကြပြီး ဒေသတွင်း လူဦးရေ ၁၀ သန်း၏ နေအိမ်အဆောက်အအုံ၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး အတွက် စွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)