Connect with us

Economy

ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး G20 ကုန်သွယ်ရေး ဝန်ကြီးများ ဆွေးနွေး

၂၀၁၆ ခုနှစ် G20 ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရှန်ဟိုင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်မည့် နည်းလမ်းများအား ဆွေးနွေးရန် G20 ကုန်သွယ်ရေး ဝန်ကြီးများ ဆွေးနွေးပွဲအား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇူလိုင်လ ၉ ရက်တွင် စတင်ခဲ့သည်။

အဆိုပါ အစည်းအဝေး၏ ဥက္ကဋ္ဌဖြစ်သူ တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီး ကောင်းဟူချန် (Gao Hucheng) က ယခု အစည်းအဝေးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ကြီးမားသည့် အရေးပါမှု ဖြစ်ကြောင်း အဖွင့် မိန့်ခွန်း၌ ပြောကြားခဲ့သည်။

G20 အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ စီးပွားရေး ကြီးထွားမှု၏ အင်ဂျင်ဖြစ်ပြီး ကမ္ဘာ့ GDP ၏ ၈၅ ရာခိုင်နှုန်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၏ ၈၀ ရာခိုင်နှုန်း ရှိကြောင်း၊ ကမ္ဘာ့ စီးပွားရေး၌ ကြီးမားသော အခန်းကဏ္ဍ ပါဝင်နိုင်ရန်နှင့် ကမ္ဘာ့ ကုန်သွယ်ရေး ခိုင်မာစွာ ပြန်လည်ကောင်းမွန်စေရေးအတွက် မောင်းနှင်ရန် ကြိုးစား အားထုတ်မည် ဖြစ်ကြောင်း ကောင်းက ပြောကြားခဲ့သည်။

ထို့ပြင် ယခု အစည်းအဝေးတွင် G20 ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း အားကောင်းလာရန်၊ ဘက်စုံ ကုန်သွယ်ရေး စနစ်အား ထောက်ပံ့ပေးရန်နှင့် ကမ္ဘာ့ ကုန်သွယ်ရေး တိုးမြှင့်ရန် နည်းလမ်းများအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကောင်းက ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ နှစ်ရက်ကြာ ပြုလုပ်မည့် အစည်းအဝေးသို့ G20 နိုင်ငံများမှ အဆင့်မြင့်အရာရှိ ၅၀၀ ကျော်၊ ဖိတ် ကြားခံရသော နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပါဝင် တက်ရောက်ကြောင်း သိရသည်။

နှစ်ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးသည် စက်တင်ဘာလ ၄ ရက်မှ ၅ ရက်၌ ဟန်ကျိုးတွင် ကျင်းပရန် ရှိသော G20 ထိပ်သီး အစည်းအဝေး (G20 Hangzhou Summit) အတွက် ကြိုတင် ပြုလုပ်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် G20 ဥက္ကဋ္ဌရာထူးအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက လွှဲပြောင်းရယူခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117