Connect with us

Economy

တရုတ်နှင့် ဆွစ်ဇာလန် စီးပွားရေး လုပ်ငန်းများ ကုန်သွယ်မှု ဆက်ဆံရေး ပိုမို ပေါင်းစည်းနိုင်ရန် တရုတ် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတ Doris Leuthard တို့အား ဆွစ်ဇာလန် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များနှင့် အစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘန်န်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အနေဖြင့် လွတ်လပ်ပြီး ပွင့်လင်းမှု ရှိသော နိုင်ငံတကာ စီးပွားရေး အစီအစဉ်တွင် ဘုံ အကျိုးစီးပွားများ မျှဝေ ရရှိရေးနှင့် ကိုယ်ကျိုးစီးပွားရှာ ကုန်သွယ်ရေး အမျိုးအစား အားလုံးကို ဆန့်ကျင်ရန်အတွက် အတူတကွ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီလ ၁၇ ရက်က တိုက်တွန်း ပြောကြားလိုက်သည်။

ဆွစ် စီးပွားရေး ခေါင်းဆောင်များနှင့်အတူ ပြုလုပ်သည့် အစည်းအဝေးတွင် သမ္မတ ရှီက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် လွန်ခဲ့သည့် ၆၇ နှစ်အကြာကတည်းက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးများ ခံစားရရှိခဲ့ပါကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်သည် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများသို့ တွန်းပို့ခဲ့ကြောင်း၊ သမ္မတ ရှီ၏ ခရီးစဉ်အတွင်း အနာဂတ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူ စာချုပ်သစ်များ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ရှီက ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးဖြစ်သော တရုတ်နိုင်ငံ အနေနှင့် စီးပွားရေး တည်ငြိမ်စွာ တိုးတက်နေမည်ဟု ၎င်းအနေဖြင့် ယုံကြည်မှုရှိကြောင်း ရှီက ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အဆင့်မြှင့်တင်ခြင်းဖြင့် ဈေးကွက်များ ချဲ့ထွင်ရန် ရှာဖွေသင့်ကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောင်ခြင်း၊ ငွေကြေးနှင့် ထုတ်ကုန် တိုးမြှင့်ရေးများ၌ တတိယ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးများ လုပ်ဆောင်သင့်ကြောင်း ရှီက အကြံပြုထားသည်။

နှစ်ဦးနှစ်ဘက် အကျိုး ရလဒ်များအတွက် အတူတကွ လုပ်ဆောင်ခြင်းဖြင့် တရုတ်-ဆွစ်ဇာလန် ဆက်ဆံရေးများ တိုးတက်စေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ရှီက တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ပြင် ဆွစ်ဇာလန် သမ္မတ Doris Leuthard ကလည်း သမ္မတ ရှီက ခရီးစဉ်အတွင်း ဆွစ် စီးပွားရေး လုပ်ငန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ၎င်းက နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှု တိုးတက်ရေးအတွက် ရှီ၏ အလေးထားမှုကို ပြသရာ ရောက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာရှတွင် ဆွစ်ဇာလန်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ ထိပ်တန်း မိတ်ဖက် နိုင်ငံ တစ်ခု ဖြစ်လာခဲ့ပြီး ပွင့်လင်းပြီး လွတ်လပ်စွာ ကုန်သွယ်နိုင်ရေးအတွက် ထောက်ခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရန် တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဆွစ်ဇာလန် သမ္မတက ဖြည့်စွက် ပြောကြားခဲ့သည်။

ဆွစ်ဇာလန် ဦးဆောင်လုပ်ငန်းများ ဖြစ်သော Schindler, Roche, Nestle, UBS နှင့် ABB စသည်တို့၏ ခေါင်းဆောင်များက တရုတ်နိုင်ငံသည် စက်မှု လုပ်ငန်းများ၏ အုပ်စုအတွင်း တီထွင်ဆန်းသစ်မှုရှိသော စင်တာတစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.