Connect with us

Economy

၂၀၁၆ ခုနှစ်တွင် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု သည် တည်ငြိမ်စွာ တိုးတက်ခဲ့

ဗီယက်နမ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ဟူစောကျင် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံ၏ ကုန်သွယ်မှု သည် တိုးတက် ခဲ့ပြီး ဗီယက်နမ် မှ တရုတ် နိုင်ငံ သို့ တင်ပို့မှုသည် များစွာ တိုးတက်ခဲ့သည်။ လက်ရှိချိန်တွင် ဗီယက်နမ် နိုင်ငံ သည် တရုတ် နိုင်ငံ ၏ အာဆီယံ နိုင်ငံများအတွင်း တရုတ် နိုင်ငံ၏အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ ဖြစ်ခဲ့သည်။

ဗီယက်နမ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ဟူစောကျင် မှ ဆင်ဟွာ သတင်းဌာန ၏ သီးသန့် အင်တာဗျူး တွင် ၂၀၁၆ အတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်ရေး သည် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး သည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ ၂၀၁၆ ခုနှစ် နှစ်စ မှ နိုဝင်ဘာလ အထိ တရုတ်-ဗီယက်နမ် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၈၇.၈၄ ဘီလီယံ ရှိခဲ့ပြီး ယခင်ထက် ၁.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ၊ ဗီယက်နမ် မှ တရုတ် နိုင်ငံ သို့ ကုန်စည် တင်ပို့မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၂.၉၆ ဘီလီယံ ရှိကာ ယခင်ထက် ၂၀.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကွာဟချက်သည်လည်း ၃၁ ရာခိုင်နှုန်း သို့ ကျဆင်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဗီယက်နမ် စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှု ဌာန ၏ သတ်မှတ်ကာလ စာရင်း ပြုစုချက် အရ တရုတ် နိုင်ငံ မှ ဗီယက်နမ် နိုင်ငံ သို့ ရင်းနှီးမြှုပ်နှံမှု သည် များစွာ တိုးမြှင့်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁.၃၂ ဘီလီယံ ရှိကာ ယခင်ထက် ၁၁၂.၇ ရာခိုင်နှုန်း တိုးမြှင့်နိုင်ခဲ့ပြီး သတ်မှတ်ကာလ အတွင်း ဗီယက်နမ် တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံ နှင့် ဒေသ ပေါင်း ၆၈ ခုတွင် စတုတ္ထ နေရာတွင် ရှိကြောင်း သိရှိရသည်။

စာရင်းပြုစုချက်များအရ တရုတ် နိုင်ငံ သည် လက်ရှိချိန်ထိ ဗီယက်နမ် တွင် ရင်းနှီးမြှုပ်နှံမှုပေါင်း ၁၅၂၉ ခုပြုလုပ်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀.၁၄ ဘီလီယံ ရှိကာ ဗီယက်နမ် သို့ ပြည်ပ မှ ရင်းနှီးမြှုပ်နှံမှု တွင် အဆင့် ၈ သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ မှ “တရုတ်-ဗီယက်နမ် နယ်စပ် ကုန်သွယ်ရေး သဘောတူညီမှု” စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ပြီး ကုန်သွယ်ရေး ကို များစွာ တိုးမြှင့်နိုင်ခဲ့ပြီး ပြုလုပ်ရသည့် စာရင်းဇယားများကိုလည်း များစွာ အဆင်ပြေစေခဲ့သည်။ ဗီယက်နမ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ဟူစောကျင် က ယခု နှစ်တွင် နှစ်နိုင်ငံ အနေဖြင့် စီမံကိန်း များစွာကို ဆောင်ရွက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ကို ဆက်လက်တိုးမြှင့်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.