Connect with us

Economy

တရုတ် နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံ လက်မှတ် ရေးထိုး

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန် သမ္မတ Mamnoon Hussein လက်ဆွဲ နှုတ်ဆက်နေစဉ် (Xinhua)

ပေကျင်း ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလ ၂၀ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ် သွားရောက်ခဲ့သည်။ တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံ တန်ဖိုးရှိ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု စီမံကိန်း လက်မှတ် ရေးထိုး သွားခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် သမိုင်းတလျှောက်တွင် တရုတ်နိုင်ငံမှ နိုင်ငံခြားသို့ တစ်ကြိမ်တည်းနှင့် အများဆုံး ရင်းနှီးမြှုပ်နှံသော ပမာဏ ဖြစ်သည်။

ခေတ်သစ် ပိုးလမ်းမကြီး တည်ဆောက်ရေး စီမံကိန်း အစီအစဉ် အောက်တွင် တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံသည် အဆင်ပြေ ချောမွေ့စွာ တည်ဆောက်နေပြီး နှစ်နိုင်ငံစလုံးမှ မျှော်လင့်ချက် ကြီးမားစွာ ထားရှိခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်မှ ယခု အကြိမ် ပါကစ္စတန်သို့ သွားရောက်စဉ်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္က ံ တည်ဆောက်ရေးကို တိုးမြှင့် မည်ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို နက်ရှိုင်း စေမည် ဖြစ်ကြောင်းနှင့် တရုတ်-ပါကစ္စတန် အသိုက်အဝန်းကို တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်း အသိုက်အဝန်း တည်ဆောက်ရေး အတွက် စံနမူနာ ဖြစ်စေရန် ဆောင်ရွက် သွားမည်ဟု ပြောကြား ခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္က ံဆိုသည်မှာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနှင့် ပါကစ္စတန် နိုင်ငံ တောင်မြောက်ကို ဖြတ်သန်း သွားမည့် ကားလမ်းနှင့် ရထားလမ်းကို ဆိုလိုပါသည်။ တရုတ် နိုင်ငံ ရှင်းကျန်းရှိ ခါရှဲ့မှ ပါကစ္စတန် အနောက်တောင်ပိုင်း ဆိပ်ကမ်းမြို့ Gwadar ဆိပ်ကမ်း အထိ ချိတ်ဆက် သွားမည် ဖြစ်သည်။ (Xinhua)