Connect with us

Economy

ကမ္ဘာ့ တိုက်ကြီး ၅ ခုမှ နိုင်ငံပေါင်း ၅၇ နိုင်ငံကို အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် မူလအဖွဲ့ဝင် အဖြစ် သတ်မှတ်

အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် တည်ထောင်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပပုံ မြင်ကွင်း (Xinhua)

ပေကျင်း ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) မူလအဖွဲ့ ဝင်နိုင်ငံ စာရင်းအား ဧပြီလ (၁၅) ရက်နေ့၌ တရားဝင် ကြေငြာခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာနမှ သတင်းအရ ကမ္ဘာ့ တိုက်ကြီး (၅) ခု မှ စုစုပေါင်း ၅၇ နိုင်ငံ သည် AIIB ၏ မူလ အဖွဲ့ဝင် ဖြစ်ခဲ့ကြောင်း ၊ အာရှဒေသမှ ၃၄ နိုင်ငံ နှင့် ကျန်ဒေသ မှ ၂၃ နိုင်ငံ ရှိကြောင်း ပြောကြားခဲ့သည်။

AIIB အဓိက ကိုယ်စားလှယ် ဆွေးနွေးပွဲ ဥက္ကဌ ၊ တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး စင်ရောက်ပင်း (Shi Yaobin) မှ မတ်လ (၃၁) ရက်နေ့သည် AIIB သို့ မူလ အဖွဲ့ဝင် လျှောက်ထားခြင်း၏ နောက်ဆုံးနေ့ ဖြစ်ကြောင်း မတ်လ (၃၁) ရက်နေ့ ထိတိုင် မူလ အဖွဲ့ဝင် နိုင်ငံ အဖြစ် လျှောက်ထားသော နိုင်ငံများအား သက်ဆိုင်ရာ နိုင်ငံများ၏ သဘောထား မေးမြန်းချင်းဖြင့် စုစုပေါင်း ၅၇ နိုင်ငံကို မူလ အဖွဲ့ဝင် နိုင်ငံများ အဖြစ် သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အာရှဒေသ တွင်း ၃၄ နိုင်ငံ များမှာ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အစ္စရေး၊ ဂျော်ဒန်၊ ကာဇက်စတန်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို ၊ မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ အိုမန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆော်ဒီ အာရေဗျ ၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဂျော်ဂျီယာ၊ ထိုင်း၊ တူရကီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဥဇဘက်၊ ဗီယက်နမ်နှင့် တာဂျစ်စ်တန် တို့ဖြစ် ကြသည်။

ဥရောပတွင်း ၁၈ နိုင်ငံ များမှာ သြစတြီးယား၊ ဒိန်းမတ်၊ ပြင်သစ်၊ ဖင်လန်၊ ဂျာမနီ၊ အိုက်စလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူနိုက်တက် ကင်းဒမ်းနှင့် မော်လ်တာတို့ ဖြစ်ကြသည်။

သမုဒ္ဒရာ ရပ်ဝန်းတွင် သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည်။ တောင်အမေရိက တိုက်တွင် ဘရာဇီး တစ်နိုင်ငံတည်း ပါဝင်ပြီး အာဖရိက တိုက်တွင် အီဂျစ်နှင့် တောင် အာဖရိကတို့ ပါဝင်သည်။

စင်ရောက်ပင်းမှ AIIB သည် ပွင့်လင်းမြင်သာမှု ရှိပြီး နားလည်မှု ရှိသော ဘဏ် လုပ်ငန်း ဖြစ်ကြောင်း၊ မူလ အဖွဲ့ဝင်နိုင်ငံ လျှောက်ထားခြင်း ပြီးဆုံးသွားပြီ ဖြစ်သော်လည်း နောင်တွင် အဖွဲ့ဝင် နိုင်ငံ အသစ်များ လက်ခံသွားမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာမှ အဖွဲ့ဝင် သစ်များ လက်ခံခြင်းနှင့် ပတ်သက်သော စည်းမျဉ်းများ အား တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြော ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.