Connect with us

Economy

ပေကျင်းမြို့တော်တွင် ဇန်နဝါရီမှ ဩဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ မော်တော်ကားကုမ္ပဏီတစ်ခု၏ လုပ်ငန်းခွင်တွင် နှာခေါင်းစည်းတပ်ဆင်ကာ လုပ်ကိုင်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အဓိက စီမံကိန်းများစတင်ခြင်း ပြန်လည်ဆောင်ရွက်ခြင်းနှင့် လူမှုရေးဆိုင်ရာ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပေါ် အားပေးခြင်းတို့ကြောင့် ယခုနှစ် ပထမရှစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မှုရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ သြဂုတ်လအထိ မြို့တော်၏ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဝ.၆ ရာခိုင်နှုန်း မြင့်တက်လာကာ ယွမ် ၄၇၀.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ယွမ် ၂.၇ ဘီလီယံ တိုးမြင့်လာခဲ့ကြောင်း ပေကျင်းမြို့တော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က စက်တင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ပေကျင်းမြို့တော်အနေဖြင့် အခြေခံအဆောက်အအုံ စီမံကိန်း ၁၀၀ ၊ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းစီမံကိန်း ၁၀၀ နှင့် နည်းပညာမြင့် စက်မှုလုပ်ငန်းများတွင် အဓိကစီမံကိန်း ၁၀၀ တို့ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ယွမ် ၁.၃ ထရီလီယံရှိပြီး ယခုနှစ်အတွက် ယွမ် ၂၅၀ ဘီလီယံ သုံးစွဲသွားမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ပေကျင်းသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၇၅၀ ဘီလီယံကျော်ရှိသည့် စီမံကိန်းအသစ် ၁,၄၀၀ နီးပါးကို စတင်ခဲ့ပြီး ယင်းပမာဏမှာ ယမန်နှစ် အလားတူကာလကထက် ၁.၇ ဆ ရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုဧရိယာများအရ  ပေကျင်းမြို့၌ နည်းပညာမြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပြီးခဲ့သည့်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ၁၃၃.၄ ရာခိုင်နှုန်း မြင့်တက်လျက်ရှိပြီး ယွမ် ၁၃.၃၈ ဘီလီယံအထိရောက်ရှိခဲ့ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်  ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာကြောင်း သိရသည်။

ထို့ပြင် ပေကျင်းမြို့တော်သည် လူမှုရေးဆိုင်ရာမတည်ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်နှင့် ဈေးကွက်တစ်ခုလုံး တက်ကြွစေရန် နှိုးဆွမှုအနေဖြင့်လည်း ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၁၀ ဘီလီယံ ကျော်ရှိသော စီမံကိန်း ၁၀၀ တွင်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကိုလည်း မြှင့်တင်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.