Connect with us

Economy

တရုတ်နိုင်ငံ Erenhot နယ်စပ်စခန်းမြို့တွင် တရုတ်-ဥရောပ ကုန်စည်ရထားအရေအတွက် ၅,၀၀၀ ကျော် လက်ခံလျက်ရှိ

တရုတ်-ဥရောပကုန်စည်ရထားတစ်စင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း  အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ ခုနှစ်မှစ၍ နယ်စပ်စခန်းမြို့ဖြစ်သော Erenhot  မှတစ်ဆင့် တရုတ်-ဥရောပ ကုန်စည်ရထား စုစုပေါင်း ၅,၀၈၈ စင်း ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသရထားလမ်းလုပ်ငန်း၏ သတင်းရင်းမြစ်များအရ သိရသည်။

Erenhot နယ်စပ်စခန်းတွင် တရုတ်-ဥရောပ ကုန်စည်ရထားသယ်ယူပို့ဆောင်မှုလုပ်ငန်းကို ၂၀၁၄ ခုနှစ် မေလက စတင်ခဲ့ပြီး ထိုအချိန်မှစင်ကာ မြင့်တက်လာသော ကုန်စည်ရထားအရေအတွက်ကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ ဟူးဟောက်ရထားလုပ်ငန်းအုပ်စုပိုင် Erenhot  ဘူတာရုံတွင် အလုပ်လုပ်ကိုင်သည့် Zhang Peng ဆိုသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပုံမှန်ဆောင်ရွက်ချက်များနှင့်အတူ ထုတ်လုပ်မှုများနှင့် လုပ်ငန်းများပြန်လည်စတင်မှုများကြားမှ Erenhot နယ်စပ်စခန်းကို ဖြတ်သန်းသွားသော နေ့စဉ် တရုတ်-ဥရောပ ကုန်စည်ရထားအရေအတွက်မှာလည်း ပျမ်းမျှအားဖြင့် မတ်လတွင် ၂ စင်းရှိခဲ့ရာမှ ယခုအချိန်တွင် ၇ စင်းအထိ မြင့်တက်လာခဲ့ကြောင်း Zhang ကပြောခဲ့သည်။Erenhot နယ်စပ်စခန်းသည် တရုတ်နိုင်ငံနှင့် အတွင်းမွန်ဂိုးလီးယားနယ်စပ်ရှိ အကြီးဆုံးစခန်းဖြစ်ပြီး ယင်းနေရာကို ဖြတ်သန်းသွားရာ တရုတ်-ဥရောပကုန်စည် ရထားလမ်းကြောင်း ၄၂ ခု ရှိကြောင်း သိရသည်။ (Xinhua)