Connect with us

Economy

ဗီယက်နမ်နိုင်ငံမှ ပထမဆုံး သစ်သီးတင်ရထားတစ်စင်း တရုတ်နိုင်ငံသို့ ဆိုက်ရောက်လာ

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖိန်ရှန်မြို့ရှိ ရထားဘူတာရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

သစ်သီးများအပြည့်တင်ဆောင်လာသည့် ရထားတစ်စင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဒုံဒန်းဘူတာမှ ထွက်ခွာလာခဲ့ပြီး တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဖေဖော်ဝါရီ ၂၅ ရက်က ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

နဂါးမောက်သီး တန် ၁၅၀ ကျော် တင်ဆောင်လာသော ပထမဆုံး တရုတ်-ဗီယက်နမ် သစ်သီးတင်ရထားသည် ဗီယက်နမ်နယ်စပ်၊ တရုတ်နိုင်ငံ ဖိန်းရှန်မြို့ရှိ ထောက်ပံ့သယ်ပို့စင်တာတွင် အစားအသောက် စစ်ဆေးခြင်းနှင့် ခွဲခြားခြင်းလုပ်ငန်းစဉ်ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့များသို့ သင်္ဘောများဖြင့် ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း တရုတ် ရထားလုပ်ငန်း၊ နန်နင်းဗျူရိုက ပြောခဲ့သည်။

ဖိန်ရှန်ဆိပ်ကမ်းဘူတာရှိ သစ်သီး သွင်းကုန်ဝန်ဆောင်မှုအား အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးရုံး၏ စစ်ဆေးမှုကို ကျော်ဖြတ်ခဲ့ကြောင်း၊ ၎င်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တင်ပို့လာသော သစ်သီးများအတွက် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ချန်နယ်သစ်တစ်ခု ဖွင့်လှစ်ခြင်းလည်းဖြစ်သည်။ဆိပ်ကမ်း၏ အဆိုအရ အပတ်စဉ် တရုတ်နိုင်ငံသို့ သစ်သီးတင်ရထား နှစ်စင်းမှ သုံးစင်းခန့် ဝင်ရောက်ရန် လျာထားကြောင်းနှင့် သစ်သီးအမျိုးအစားများစွာလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.