Connect with us

Economy

ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် တရုတ်နိုင်ငံက Great Wall မော်တော်ကား ၅၈၂ စီး တောင်အမေရိကသို့တင်ပို့

ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် တရုတ်နိုင်ငံက Great Wall မော်တော်ကား ၅၈၂ စီး တောင်အမေရိကသို့တင်ပို့

ထျန်းကျင်း ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ SUV မော်တော်ကား နှင့် ပစ်ကပ်ကား ထုတ်လုပ်သည့် ရှေ့ဆောင်ကုမ္ပဏီဖြစ်သော Great Wall သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေစဉ်အတွင်း ဖေဖော်ဝါရီ လ လယ်ပိုင်းမှစတင်ကာ ကုမ္ပဏီ၏ လုပ်ငန်းများ ပြန်လည် လည်ပတ်ခဲ့ပြီးနောက် ၎င်းတို့၏မော်တော်ကားများကို တောင်အမေရိကတိုက်သို့ တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း(Tianjin) မြူနီစီပယ်ဆိပ်ကမ်းတစ်ခုမှနေ၍ ပြီးခဲ့သော ရက်သတ္တပတ်တွင် မော်တော်ကား စုစုပေါင်း ၅၈၂ စီးတင်ဆောင်ထားသော သင်္ဘောတစ်စင်းသည် စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ဟဲပေပြည်နယ်မြောက်ပိုင်း နှင့် ထျန်းကျင်းဒေသဆိုင်ရာအစိုးရများ၏ အားပေးထောက်ခံမှုဖြင့် ကူးစက်ရောဂါကြောင့် ပိတ်ထားရသော ကားထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ဖေဖော်ဝါရီ လ လယ်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ထျန်းကျင်းရှိ ဆိပ်ကမ်းသို့ သင်္ဘောသွားလာမှုပိုမိုအရှိန်မြှင့်တင်ရန် “အစိမ်းရောင်လမ်းကြောင်း”တစ်ခုကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် Baoding မြို့ရှိ ပင်မစက်ရုံ ဌာနချုပ်၌ Haval ၊ Great Wall ၊ WEY နှင့် ORA စသည့် မော်ဒယ်များအပါအဝင် ကုမ္ပဏီပိုင် SUV ကားအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။(Xinhua)