Connect with us

Economy

ရှန်ဟိုင်းမြို့တွင် ပြုလုပ်မည့် သွင်းကုန်ပြပွဲက တရုတ်နိုင်ငံဈေးကွက်အတွက် “တံခါးပေါက်” ဟုဆို


ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မကြာမီကျင်းပတော့မယ့် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo= CIIE) က ဂျာမနီနိုင်ငံမှ ကုမ္ပဏီများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဈေးကွက်ကိုဝင်ရောက်ရန် အရေးပါသော တံခါးပေါက်တစ်ခုဖြစ်တယ်လို့ ဂျာမနီနိုင်ငံ စက်မှုလက်မှုနှင့် စီးပွားကူးသန်း ကုန်သည်ကြီးများအသင်း (DIHK) မှ ကျွမ်းကျင်သူက ဆင်ဟွာကို ပြောပါတယ်။

“CIIE က တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ဂျာမန်ကုမ္ပဏီတွေအတွက် ပထမဆုံးခြေလှမ်းတွေထဲက တစ်ခုဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ DIHK အရှေ့အာရှ ညွှန်ကြားရေးမှူး Thomas Koenig က ပြောပါတယ်။

ဂျာမဏီတွင် CIIE ဖြစ်မြောက်ရေးစီစဉ်သူများရဲ့ အခန်းကဏ္ဍကို လက်ခံယုံကြည်ကြပြီး ပလက်ဖောင်းအသစ်ကနေတစ်ဆင့် သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပြသဖို့ တွန်းအားပေးသွားမှာဖြစ်ပါတယ်။

CIIE က တရုတ်နိုင်ငံမှာ ဂျာမနီနိုင်ငံရဲ့ အောင်မြင်မှုများကို အောင်ပွဲခံဖို့ ဂျာမန်ကုမ္ပဏီတွေအတွက် ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဂျာမန်ကုမ္ပဏီများစွာ တည်ထောင်ထားခဲ့ပြီး ယခုပြပွဲမှာ သူတို့ရဲ့ အရည်အသွေးတွေနဲ့ ထုတ်ကုန်တွေကို ပြသသွားမှာဖြစ်တယ်လို့ Koenig က ဆိုပါတယ်။

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် လာဘ်ကောင်အား ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ကျင်းပမည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

သို့သော် CIIE ပြပွဲက ဂျာမနီ ကုမ္ပဏီများအတွက် ထုတ်ကုန်များနဲ့ အကြံဉာဏ်များရဲ့ ခရီးဆုံးပန်းတိုင်သစ်အဖြစ် တရုတ်နိုင်ငံရဲ့ အလားအလာကို ရှာဖွေတွေ့ရှိခြင်းသာမဟုတ်ဘဲ အံ့ဖွယ် အခွင့်အရေးတစ်ခုလည်းဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

“ဒီနှစ် CIIE ပြပွဲမှာ ဂျာမန်ကုမ္ပဏီ ၁၇၀ ပါဝင်ပြသမှာပါ။ ဂျာမန်-တရုတ် ချစ်ကြည်ရေးနဲ့ မိတ်ဖက်ဆက်ဆံရေးကို မီးမောင်းထိုးထားတဲ့ ဒီပြပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အလွန် ကျေနပ်မိပါတယ်” လို့ Koenig က မှတ်ချက်ပြုပါတယ်။

ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ ဈေးကွက်နှင့် ဆက်စပ်လျက်ရှိသော နည်းပညာများ၊ စိတ်ကူးများနှင့် ထုတ်ကုန်သစ်များကို အလေးထားလျက်ရှိတယ်လို့ ဆိုပါတယ်။

CIIE က တရုတ်နိုင်ငံသစ်၊ တရုတ်နိုင်ငံရှိ အခွင့်လမ်းသစ်များနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံ၏ တံခါးဖွင့်ပေးမှုအသစ်တစ်ခုဖြစ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။

“တရုတ်နိုင်ငံက နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖလှယ်မှုတွေပိုလုပ်ဖို့ အားပေးထားတယ်။ ပြီးတော့ စီးပွားရေးအတွက်လဲ အရမ်းကိုဖွင့်ပေးထားပါတယ်။ ဒီသဘောထားက ကျွန်တော်တို့အတွက် အလွန် အထောက်အပံ့ဖြစ်စေပါတယ်” လို့ Koenig က ဖြည့်စွက်ပြောလိုက်ပါတယ်။

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အတွင်း ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ ပြပွဲမှာ နိုင်ငံနှင့် ဒေသ ၁၃၀ ကျော်မှ ကုမ္ပဏီပေါင်း ၂,၈၀၀ ကျော်ဝင်ရောက်ပြသဖို့ အတည်ပြုထားပါတယ်။

ပထမဆုံး တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) တက်ရောက်ဖို့ သြဂုတ်လ ၇ ရက်အထိ ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီ ၈၀,၀၀၀ မှဝယ်ယူသူ ၁၆၀,၀၀၀ ကျော် မှတ်ပုံတင်ထားတယ်လို့ ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက သြဂုတ်လ ၉ ရက်မှာ ပြောကြားထားပါတယ်။

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ ဗျူရိုရဲ့ အဆိုအရ ဝယ်ယူသူ ၁၅၀,၀၀၀ ဦး တက်ရောက်ရန် မျှော်မှန်းထားကြောင်း၊ သို့သော် မှတ်ပုံတင်အရေအတွက်ကတော့ မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန် အပါအဝင် နိုင်ငံများမှ ကုမ္ပဏီ ၄၀ ကျော်က CIIE တွင် ပြခန်းနေရာများအတွက် ကြိုတင်မှာယူထားခဲ့ကြောင်း ဗျူရိုက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.