Connect with us

Economy

တရုတ်နိုင်ငံ ပထမဆုံး သွင်းကုန်ပြပွဲအတွင် စေတနာ့ဝန်ထမ်း ၅,၀၀၀ ကျော် ပါဝင်မည်

၂၀၁၈ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာသွင်းကုန်ပြပွဲ (CIIE) လာဘ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာသွင်းကုန်ပြပွဲ (CIIE) အတွက် တရုတ်နိုင်ငံ ကောလိပ်နှင့် တက္ကသိုလ်များမှာ စေတနာ့ဝန်ထမ်း ၅,၀၀၀ ကျော် စုဆောင်းထားရှိကြောင်း Communist Youth League ရှန်ဟိုင်း မြူနီစီပယ်ကော်မတီက ပြောကြားခဲ့သည်။

စေတနာ့ဝန်ထမ်းအများစုသည် ရှန်ဟိုင်းရှိ တက္ကသိုလ်များ၊ ကျန်းစု၊ ကျဲ့ကျန်းနှင့် အန်ဟွေ့ပြည်နယ်များရှိ အဆင့်မြင့် တက္ကသိုလ် ၃၀ ကျော်မှ ကျောင်းသားများဖြစ်သည်။

ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှစတင်ကာ ရက်သတ္တပတ်ကြာမြင့်မည့် ပြပွဲအတွင်း ဧည့်သည်များ ရောက်ရှိခြင်းနှင့် ထွက်ခွာခြင်း၊ ဘာသာပြန်ခြင်းနှင့် အဓိပ္ပါယ်ရှင်းလင်းခြင်းများအား စေတနာ့ဝန်ထမ်းများက အင်္ဂလိပ်၊ ဂျပန်၊ ရုရှား၊ အာရပ်၊ စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်သည့် အဓိက ဘာသာစကားဖြင့် ဝန်ဆောင်မှုများ ပေးမည်ဖြစ်သည်။

စေတနာ့ဝန်ထမ်းများအားလုံးသည် ဘာသာစကား ပြန်ကြားရေး၊ အချင်းချင်းဆက်သွယ်ရေး၊ Service protocol များအား သင်တန်းပေးမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းစုဆောင်းခြင်းကို ပြပွဲဖွင့်ပွဲမတိုင်မီအထိ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲတက်ရောက်ရန် နိုင်ငံနှင့် ဒေသ ၁၃၀ မှ တက်ရောက်ရန် အတည်ပြုထားပြီး တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်စီးပွားရေးအတွက် တွန်းအားသစ်နှင့် ကမ္ဘာသို့ တရုတ်ဈေးကွက် ပိုမိုဝင်ရောက်နိုင်ရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.