Economy
အလီဘာဘာ ဥက္ကဋ္ဌ ဂျက်မာ ၂၀၁၉ ခုနှစ်တွင် အနားယူတော့မည်

ဟန်ကျိုး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အလီဘာဘာအား ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ ဂျက်မာ (Jack Ma) သည် တစ်နှစ်ကြာပြီးနောက် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်တွင် စက်တင်ဘာလ ၁၀ ရက်၌ ကြေညာခဲ့ကြောင်း၊ ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ Daniel Zhang က ဘုတ်အဖွဲ့ ဥက္ကဋ္ဌနေရာအား တာဝန်လွှဲပြောင်းယူမည် ဖြစ်ကြောင် သိရသည်။
အလီဘာဘာတည်ထောင်ခြင်း နှစ် ၂၀ ပြည့်မြောက်သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ၎င်းအနေဖြင့် အနားယူတော့မည်ဖြစ်ကြောင်း မာက “Happy Teachers’ Day” ဟူ၍ခေါင်းစဉ်ပေးထားသော စာတစ်စောင်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)