Connect with us

Economy

အာဆီယံ အသိုက်အဝန်း တည်ဆောက်ခြင်းသည် ခေတ်သစ် ပိုးလမ်မကြီး စီမံကိန်းနှင့် အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်နိုင်

၂၆ ကြိမ်မြောက် အာဆီယံ အစည်းအဝေးသို့ တက်ရောက်လာသော ခေါင်းဆောင်များကို တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အရှေ့တောင် အာရှ နိုင်ငံများ အာဆီယံ အသိုက်အဝန်းကို ယခုနှစ် နှစ်ကုန်တွင် တည်ဆောက် နိုင်တော့မည် ဖြစ်ကာ အဘက်ဘက်မှ ပညာရှင်များက အာဆီယံ အသိုက်အဝန်း တည်ဆောက် နိုင်ခြင်းသည် အာရှ-ပစိဖိတ် အပြန်အလှန် ချိတ်ဆက်နိုင်မှုအား အကျိုးပြုနိုင်သည့် အပြင် တရုတ် နိုင်ငံက တွန်းအားပေး ဆောင်ရွက်နေသည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းကိုလည်း အထောက်အကူ ပြုနိုင်ကြောင်း ဆင်ဟွာ သတင်းဌာနအား ပြောကြား ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ လူမှုရေးနှင့် စီးပွားရေး တက္ကသိုလ် ပါမောက္ခက အာဆီယံ နိုင်ငံ များ၌ လူဦးရေ သန်း ၆၀၀ ရှိပြီး ပျှမ်းမျှ GDP မှာလည်း အမေရိကန် ဒေါ်လာ သန်း ၂၆၀ ကျော်လွန် ခဲ့ကာ အာဆီယံ အသိုက်အဝန်း တည်ဆောက် ပြီးနောက်ပိုင်းတွင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပိုမို တွန်းအား ပေးနိုင်မည် ဖြစ်ကာ လူနေမှု ဘဝ အဆင့်အတန်း နှင့် ယာဉ်ကျေးမှု ဖလှယ်ရေး စသည့် ကဏ္ဍများတွင် ပိုမို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပါမောက္ခ က တရုတ် နိုင်ငံ ၏ စီးပွားရေး အလျင်အမြန် တိုးတက်နေမှု သည် အရှေ့တောင် အာရှ နိုင်ငံ များကို အကျိုး ဖြစ်ထွန်းစေ ခဲ့ကာ အထူးသဖြင့် စင်ကာပူ နှင့် ထိုင်း စသည့် နိုင်ငံများ အတွက် အကျိုးရှိ စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံမှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း မှာလည်း အာဆီယံ နိုင်ငံ များ၏ ထောက်ခံ အားပေးမှု ကို ရရှိနိုင်ခဲ့ကာ တရုတ်-အာဆီယံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် အတွက် ပိုမို နီးကပ်စေခဲ့ကြောင်း ကို ပြောကြား ခဲ့သည်။

၂၇ ကြိမ်မြောက် အာဆီယံ အစည်းအဝေးအား နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ အထိ မလေးရှား နိုင်ငံ ကွာလာလမ်ပူ တွင် ပြုလုပ်ရန် စီစဉ် ထားပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံ များ၏ နှစ်ပေါင်း များစွာ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် အာဆီယံ အသိုက်အဝန်း တည်ဆောင်နိုင်ရန် မျှော်လင့်ချက်များ ရရှိ နိုင်ခဲ့သည်။

ထို့ပြင် လေ့လာ သုံးသပ်ရေး သမား များက အာဆီယံ အဖွဲ့ အနေဖြင့် ဆက်လက်၍ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအား ပေးဆောင်ရွက် ခြင်းအားဖြင့် ဒေသတွင်း ပြည်သူ များ၏ လူနေမှု အဆင့်အတန်း ကို မြှင့်တင် နိုင်မည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု မတူညီမှု ၊ နိုင်ငံရေး နှင့် ဘာသာရေး သဘောထား ကွဲလွှဲမှု များနှင့်ပတ်သက်သော စိန်ခေါ်မှု များကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.