Connect with us

Economy

တရုတ်နိုင်ငံ၌ ခေတ်သစ် ပိုးလမ်းမကြီး ယဉ်ကျေးမှုဆိုင်ရာ ကုန်စည်ပြပွဲအား လက်ခံ ကျင်းပမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ် သွန်းဟွမ်မြို့မြင်ကွင်း (ဆင်ဟွာ)

လန်ကျိုး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပထမဆုံး နိုင်ငံတကာ ခေတ်သစ် ပိုးလမ်းမကြီး ယဉ်ကျေးမှုဆိုင်ရာ ကုန်စည် ပြပွဲအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ် သွန်းဟွမ်မြို့၌ သြဂုတ်လတွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်နယ် အစိုးရက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာ ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ မှ ဦးစီးသည့် အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်းတို့အပါအဝင် မြောက်များစွာသော စီမံကိန်းများနှင့် အတူ ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများကြား ကုန်သွယ်ရေး တိုးတက်လာကြောင်း နှင့် အဆိုပါပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ပြည်သူ အချင်းချင်း နားလည်မှုနှင့် ဖလှယ်မှုများ တိုးပွား လာစေရန် ဖြစ်ကြောင်း သိရသည်။

ယင်း ကုန်စည် ပြပွဲအား ကန်းစု အစိုးရနှင့် တရုတ် နိုင်ငံ ယဉ်ကျေးမှုအဖွဲ့အစည်းများမှ ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပထမဆုံး ကျင်းပသည့် ကုန်စည် ပြပွဲတွင် ယဉ်ကျေးမှု ဆိုင်ရာ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပွဲ နှင့် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများ၏ သမိုင်းနှင့် အနုပညာရပ်များကို ခင်းကျင်း ပြသခြင်းတို့ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)