Connect with us

Economy

၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ အင်တာနက်ဆိုင်ရာလုပ်ငန်းကြီးများမှ ဝင်ငွေတိုးတက်လျက်ရှိ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျန့်မြို့တွင် ပြုလုပ်သော ၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ပြပွဲတွင် 5G အခြေခံ စက်ရုပ်များက စန္ဒယားတီးခတ်ပြနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်တာနက်နှင့် အခြားဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများရှိ စီးပွားရေးလုပ်ငန်းများသည် ၂၀၁၉ ခုနှစ်တွင် ဝင်ငွေတိုးတက်မှု ခိုင်မာလာခဲ့ပြီး နည်းပညာသစ်များနှင့် လုပ်ဆောင်မှုအသစ်များက နိုင်ငံ၏စီးပွားရေးကို ပြန်လည်ပုံဖော်ရာတွင် ကြီးမားသောအခန်းကဏ္ဍများမှ ပါဝင်မှုမြင့်မားလာခဲ့ကြောင်း သိရသည်။

၎င်းစီးပွားရေးလုပ်ငန်းတစ်ခုစီမှာ ၂၀၁၈ ခုနှစ်တွင် တစ်နှစ်တာဝင်ငွေ ယွမ် ၅ သန်း (အမေရိကန်ဒေါ်လာ ၇၂၄,၄၀၀ ခန့်) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၌ စုစုပေါင်းဝင်ငွေ ယွမ် ၁ ဒသမ ၂၁ ထရီလီယံရှိခဲ့ကာ ၂၀၁၈ ခုနှစ်ကထက် ၂၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) ၏ အချက်အလက်များအရ သိရသည်။

အဆိုပါ လုပ်ငန်း၏ လည်ပတ်မှု အကျိုးအမြတ်များမှာ ၂၀၁၉ ခုနှစ်ကထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်ကထက် ၁၃ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံးစွဲမှုမှာလည်း မြင့်တက်သွားခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၂၃ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း MIIT အချက်အလက်တွင် ဖော်ပြထားသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.