Connect with us

Economy

ကူးစက်ရောဂါဖြစ်ပွားသောဒေသများတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ကောင်းစွာ ဆက်လက်ရပ်တည်နိုင်ရန် တရုတ်နိုင်ငံက အလေးထားဆောင်ရွက်နေ

အစားအသောက်ဖြန့်ချိသည့် လုပ်ငန်း တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေအနေအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေကြောင်းသိရသည်။

အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် တရုတ်နိုင်ငံအတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုအတိုင်းအတာကိုသိရန် တိုင်းတာလေ့လာမှုများ ဆောင်ရွက်နေပြီဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းရှိ Lujiazui ဒေသမြင်ကွင်းတစ်ခုကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကောင်းကင်မှရိုက်ကူးထားသော ဓာတ်ပုံအားတွေ့ရစဉ်(ဆင်ဟွာ)

စက်မှုနှင့် သတင်းဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် SMEs လုပ်ငန်းများနှင့် ပတ်သက်၍ Online လေ့လာစမ်းစစ်မှု လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အလားတူပင် Think tanks ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများသည် တရုတ်နိုင်ငံ၏ လူကြိုက်များသော လူမှုကွန်ရက် ပလက်ဖောင်းများမှ တစ်ဆင့် လေ့လာစမ်းစစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။

အဆိုပါ လေ့လာစမ်းစစ်မှုများသည် ကူးစက်ရောဂါကြောင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုရှိခဲ့သော လုပ်ငန်းများအား အထောက်အကူပြုရေး မူဝါဒများချမှတ်ပြီး ဖွံ့ဖြိုးရေးရည်မှန်းချက် ဖော်ဆောင်ပေးရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ဗဟိုအစိုးရ အာဏာပိုင်များနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များသည် ကူးစက်ရောဂါ သက်ရောက်မှုခံစားခဲ့ရသည် SMEs လုပ်ငန်းများအပေါ်အပြည့်အဝ ကူညီထောက်ခံပေးနိုင်ရန်အတွက် ယခုကဲ့သို့ လေ့လာစမ်းစစ်ရေးအစီအစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117