Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ AIIB ဘဏ် ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်း ပြောကြား

အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်း ပြောကြားကြောင်း သိရသည်။

ပေကျင်း မြို့လယ်ခေါင်ရှိ Diaoyutai State ဧည့်ရိပ်သာတွင် ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနား၌ ရှီက ယခုအချိန်သည် သမိုင်းဝင် အချိန်ကာလ တစ်ခုဖြစ်ကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဇန်နဝါရီလ ၁၆ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်မည့် AIIB ကောင်စီ၏ ရန်ပုံငွေ ညီလာခံ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး ဖွင့်ပွဲ လုပ်ဆောင်ချက် အစီအစဉ်များသည် ဇန်နဝါရီလ ၁၈ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး လိုကျိဝေ ( Lou Jiwei) အား AIIB ကောင်စီ၏ ပထမဆုံး ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ကာ AIIB ၏ ပထမဆုံး ဥက္ကဌ အဖြစ် ကျင်းလိချွမ် (Jin Liqun) အား ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

AIIB သည် ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် အပါအဝင် အခြား ဖွံ့ဖြိုးရေး ဘဏ်များနှင့် ပူးပေါင်းကာ အာရှ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်မှု ရေရှည် တည်တံ့စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.