Connect with us

Economy

ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တရုတ် ဒုတိယ သမ္မတ တက်ရောက်မည်

ကမ္ဘာ့ စီးပွားရေးဖိုရမ်၏ ၄၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီ ယွမ်ချောင်သည် ဇန်နဝါရီလ ၂၀ ရက်မှ ၂၂ ရက် အထိပြုလုပ်မည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ် (WEF) ၏ ၄၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၈ ရက်က ပြောကြားလိုက်သည်။

WEF တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ ကလောက် ချဝပ် (Klaus Schwab) ၏ ဖိတ်ကြားမှုကြောင့် အစည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟုန်လဲ့က ပြောသည်။

အဆိုပါ ဖိုရမ်အား “စတုတ္ထ စက်မှုတော်လှန်ရေးအား ထိန်းသိမ်းခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ဇန်နဝါရီလ ၂၀ ရက်မှ ၂၃ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်-ကလိုစတားမြို့၌ ပြုလုပ်မည် ဖြစ်သည်။ ဖိုရမ်သို့ နိုင်ငံ့ အကြီးအကဲများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များ နှင့် အဆင်မြင့်အရာရှိများ အပါအဝင် လူပေါင်း ၄၀ ကျော် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.