Connect with us

Economy

တရုတ်နိုင်ငံ အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB) အား ပေကျင်း ၌ တရားဝင် တည်ထောင်

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB) အမှတ်တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာ ငွေကြေးစနစ်အား အား ပြီးပြည့်စုံစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အား ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပေကျင်း၌ တရားဝင် တည်ထောင်ခဲ့ပြီး လာမည့် ၂၀၁၆ နှစ်ဆန်းပိုင်း တွင် လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး လိုကျိဝေ (Lou Jiwei) က သဘော တူညီချက်ပါ အကြောင်း အရာများ အရ ဥပဒေနှင့် အညီ တည်ထောင်ခဲ့သော AIIB သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အကျိုး သက်ရောက်ကြောင်း ပြောကြားခဲ့သည်။

သဘောတူညီချက် အကြောင်းအရာများတွင် အကြမ်းအားဖြင့် တည်ထောင်သူ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ၏ မူဝါဒ ချမှတ်ရေးဆိုင်ရာ စည်းကမ်းချက်များ၊ အုပ်ချုပ်မှုစနစ် ဖွဲ့စည်း တည်ဆောက်မှု၊ စီးပွားရေး နှင့် ဘဏ် လုပ်ငန်း လည်ပတ်မှု စနစ်များ အစရှိသည့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။ ဘဏ်၏ ပေါင်းစပ် ရှယ်ယာ ၅၀.၁ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံ စသည့် နိုင်ငံများ ပါဝင်သော အဖွဲ့ဝင် နိုင်ငံ ၁၇ နိုင်ငံ၏ ဥပဒေပြု လွှတ်တော်များ မှ သဘော တူညီချက်အား အတည်ပြုပေးပြီးသည် နှင့် တစ်ပြိုင်နက် ဘဏ်လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ အဖြစ် လျာထားခံရသူ ကျင်းလိချွင် အား တွေ့ရစဉ် (ဆင်ဟွာ)

အနည်းဆုံး လက်မှတ်ရေးထိုးသည့် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ပြီး ပေါင်းစပ်ရှယ်ယာ ၅၀ ရာခိုင်နှုန်းထက် မနည်း ပိုင်ဆိုင်သည့် အပြင် လွှတ်တော်၏ အတည်ပြုချက် ရရှိပါက သဘော တူညီချက်သည် စတင် အကျိုး သက်ရောက်မှု ရှိလာမည် ဖြစ်ကြောင်း သိရသည်။

လို က AIIB ဘဏ် အား တည်ထောင်နိုင်ခြင်းသည် ကမ္ဘာ့စီးပွားရေး အုပ်ချုပ်မှု စနစ် ပြန်လည်ပြုပြင်မှု မှတ်တမ်း တွင် မှတ်ကျောက်တိုင် တစ်ခုစိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ နှင့် အလုပ်အမှုဆောင် ကောင်စီ တို့ ပထမအကြိမ် အစည်းအဝေး ပြုလုပ်ပြီးနောက် AIIB ၏ လုပ်ငန်းစဉ်များ စတင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ လို၏ ပြောကြားချက် အရ အစည်းအဝေးများ အား ဇန်နဝါရီလ ၁၆ မှ ၁၈ ရက် အတွင်း ပေကျင်း၌ ကျင်းပရန် စီစဉ် ထားကြောင်း နှင့် အဆိုပါ အစည်းအဝေးပွဲများ တွင် ဘဏ် ဥက္ကဋ္ဌ တရားဝင် ခန့်အပ်ခြင်း အပါအဝင် စီမံခန့်ခွဲမှု အဖွဲ့ များ နေရာချထား ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘဏ်ဥက္ကဋ္ဌ အဖြစ် လျာထားခြင်းခံရသူ ကျင်းလိချွင် (Jin Liqun) က ဘဏ်သည် ဝန်ထမ်းသစ်များအား စတင် စုဆောင်းနေပြီ ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာ ပြန်လည် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဘဏ် နှင့် အာရှ ဖွံ့ဖြိုး တိုးတက်ရေး ဘဏ် (ADB) မှ အဖွဲ့ဝင်များ သည်လည်း AIIB နှင့် လာရောက် ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့သည်။

ကျင်း က AIIB အနေဖြင့် အဖွဲ့ဝင်သစ် များအား စဉ်ဆက်မပြတ် ကြိုဆိုနေမည် ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

AIIB ၏ ရုံးချုပ်အား ပေကျင်း၌ ထားရှိပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံ ရှိပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် ရှယ်ယာပိုင်ဆိုင်မှု အများဆုံး နိုင်ငံများဖြစ်ပြီး ၃၀.၃၄ ရာခိုင်နှုန်း၊ ၈.၅၂ ရာခိုင်နှုန်း နှင့် ၆.၆၆ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြောင်း သိရသည်။ ထို့်အပြင် ၎င်းတို့၏ ထောက်ခံ ပေးနိုင်သည့် မဲရှယ်ယာ ရာခိုင်နှုန်းသည် ၂၆.၀၆ ရာခိုင်နှုန်း၊ ၇.၅ ရာခိုင်နှုန်းနှင့် ၅.၉၂ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.