Connect with us

Economy

တရုတ်နိုင်ငံသည် ပေကျင်း-ထျန်းကျင်း-ဟဲပေ ချိတ်ဆက် ရထားလမ်း ဖွင့်လှစ်

တရုတ်နိုင်ငံ ပေကျင်းနှင့် ထျန်းကျင်း မြို့အကြား ပြေးဆွဲနေသော ရထားတစ်စင်း အား ဇူလိုင်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း နှင့် ပေါင်တင့် မြို့တို့ကို ဆက်သွယ် ပေးထား သော ရထားလမ်းသစ် ၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ပြေးဆွဲမှု ပြုလုပ်ခဲ့ပြီး မူလ ကြာချိန် ၂ နာရီခွဲ မှ တစ်နာရီ အထိ လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားလမ်းသည် ၁၅၈ ကီလိုမီတာ ရှည်လျားပြီး လမ်းကြောင်း တလျောက်၌ ဘူတာ ၈ ခု ထားရှိ ထားကြောင်း နှင့် စတင် ပြေးဆွဲချိန်၌ တစ်နာရီ ၂၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ရထားလမ်းအား ငါးနှစ် အချိန်ယူ တည်ဆောက်ခဲ့ရပြီး ပေကျင်း-ထျန်းကျင်း-ဟဲပေ စည်ပင်သာယာ နယ်မြေများ အတွင်းရှိ အဓိကမြို့ ၂ မြို့ကို ဆက်သွယ်ပေးရုံ သာမက နိုင်ငံ အတွင်းရှိ အခြား အရေးပါသော ရထားလမ်းများ နှင့် ပါ ချိတ်ဆက် ထားကြောင်း သိရသည်။

ယင်း ရထားလမ်းသည် ဒေသတွင်း စက်မှုလုပ်ငန်း၊ မြို့ပြ ဖွံ့ဖြိုးမှု နှင့် ခရီးသွား လုပ်ငန်းများ အား မြှင့်တင် ပေးနိုင်မည့် အပြင် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု နှင့် စီးပွားရေး အဆင်မြှင့်တင်မှု တို့ကို ပိုမို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117