Connect with us

Economy

သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီး က ကုန်သည်များအား CIIE မှတစ်ဆင့် တရုတ် နိုင်ငံ ၏ အောင်မြင်မှုအား ပိုမိုသိရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်း

ၾသစေၾတးလ် နိုင်ငံ ကုန်သွယ်ရေး ၊ ခရီးသွား နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး Simon Birmingham အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး ၊ ခရီးသွား နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး Simon Birmingham က တရုတ် နိုင်ငံ တွင် ပထမဦးဆုံး အကြိမ်ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာ သွင်းကုန် ပြပွဲ(CIIE) တွင် သြစတြေးလျ နိုင်ငံ မှ ကုန်သည်များအား တရုတ် နိုင်ငံ ၏ အောင်မြင်မှုအား ပိုမိုသိရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

Simon Birmingham က CIIE သြစတြေးလျ နိုင်ငံ ကုန်စည် ပြခန်း ဖွင့်ပွဲ အခမ်းအနား တွင် သြစတြေးလျ နိုင်ငံ မှ ကုန်သည်များအား ပြပွဲ တက်ရောက်စဉ် အတွင်း စီးပွားရေး အခွင့်အလမ်း များကို ရရှိအောင် ဆုတ်ကိုင် သွားပြီး တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ရရှိခဲ့သည့် ကြီးမားသော အောင်မြင်မှုများအား သိရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Simon Birmingham က လတ်တလော ဆယ်စုနှစ် အတွင်း တရုတ် နိုင်ငံ စီးပွားရေး နှင့် လူမှုရေး တို့က ထင်ရှားသည့် အောင်မြင်မှုများ ရရှိနိုင်ခဲ့ပြီး ပြည်သူလူထု ၏ လူနေမှု အဆင့်အတန်း ကိုလည်း သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု က သြစတြေးလျ နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ပြီး အထူးသဖြင့် ပညာရေး နှင့် ကျန်းမာရေး ဆိုင်ရာ ကဏ္ဍ တွင် အခွင့်အလမ်းများစွာ ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် သြစတြေးလျ နိုင်ငံ အတွက် အရေးပါသည့် ဈေးကွက် တစ်ခု ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု က သြစတြေးလျ နိုင်ငံ အတွက် ကြီးမားသည့် စီးပွားရေး အခွင့်အလမ်း တစ်ခု ဖြစ်ကြောင်း ၊ စာရင်းပြုစုချက်များအရ သြစတြေးလျ နိုင်ငံ မှ ကုန်သည်လုပ်ငန်းရှင်များ က တရုတ် နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု နှင့် လုပ်ငန်း ပမာဏ တိုးချဲ့ရန် လိုလားကြကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.