Connect with us

Economy

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်လှစ်ခြင်းနှင့်အတူ ကမ္ဘာ့စီးပွားရေးတံခါးဖွင့်လှစ်ကြပါစို့

ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် အဖွင့်မိန့် ခွန်းပြောကြားနေသော သမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံအဆင့် ကမ္ဘာ့ပထမဆုံး သွင်းကုန်ပြပွဲ အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်းဝင် အရွေ့တစ်ခုအဖြစ် “ လမ်းသစ်ဖောက်ခြင်း” ဟူ၍ ထုတ်ဖော်ပြောကြားခဲ့သည်။

တိုက်ကြီး ငါးတိုက်မှ ကမ္ဘာ့နိုင်ငံများ ၊ ဒေသများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ စုစုပေါင်း ၁၇၂ ခုက ၎င်းတို့၏ ဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ချက်များ နှင့် နိုင်ငံတကာပုံရိပ်ကို ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) ၌ လာရောက် ထုတ်ဖော်ပြသကြမည်ဖြစ်သည်။

မတူညီသော ကမ္ဘာ့နိုင်ငံစုံမှ ကုမ္ပဏီပေါင်း ၃၆ဝဝ ကျော်သည် ဆွေးနွေးမှုများပြုလုပ်ကြမည်ဖြစ်ပြီး တရုတ်နိုင်ငံ နှင့် နိုင်ငံရပ်ခြားမှ အဝယ်တော်ပေါင်း ၄ဝဝ,ဝဝဝ ကျော်နှင့်အတူ ဘုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အမြင်ချင်းဖလှယ်ကြမည်ဖြစ်သည်။

CIIE သည် တံခါးဖွင့်ခြင်းအတွက် အဆင့်မြင့် အဆင့်တစ်ခုအဖြစ် တရုတ်နိုင်ငံအတွက် တွန်းအားပေးသည့် အဓိကမူဝါဒတစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံအား ဈေးကွက်အဖြစ် ကမ္ဘာတစ်ဝန်းလုံးအတွက် တံခါးဖွင့်ပေးရန် အစပျိုးဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း သမ္မတရှီ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးလွှမ်းခြုံမည့်စီးပွားရေး၏အရေးပါမှုကို သမ္မတရှီက မီးမောင်းထိုးပြခဲ့ပြီး ၎င်းက သမိုင်းရေစီးကြောင်း တစ်ပတ်ပြန်လည်မှုတစ်ခု မဖြစ်နိုင်ကြောင်း နှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတောင့်တင်းသည့် အရှိန်အဟုန်ကို ပံ့ပိုးပေးလိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ နိုင်ငံအားလုံးအနေနဲ့တံခါးဖွင့်ခြင်းကို လုပ်ဆောင်သွားသင့်ပါတယ်။ ပြီးတော့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နဲ့ တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်တဲ့ ရှင်းလင်းတဲ့ရပ်တည်ချက် ရှိသင့်ပါတယ်” ဟု ပြောကြားခဲ့ပြီး ပွင့်လင်းကမ္ဘာ့စီးပွားရေးတည်ဆောက်ရေးအတွက် ပူးပေါင်းအားထုတ်သွားကြရန် သမ္မတရှီက တိုက်တွန်းပြောကြားခဲ့သည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေသည့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဖက်သတ်ဝါဒ လှိုင်းတံပိုးများ ရိုက်ခတ်နေချိန်တွင် ယခုပြုလုပ်သော သွင်းကုန်ပြပွဲသည် ကမ္ဘာ့စီးပွားရေးသေချာခိုင်မာမှုရှိစေရန် နှင့် လွတ်လပ်သောကုန်သွယ်ရေးအတွက် အားပေးထောက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ပြပွဲကြီးသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ စံပြနမူနာကောင်းတစ်ခုဖြစ်လာနိုင်ပြီး ဂျာမနီစက်ပစ္စည်းကိရိယာများ ၊ ဂျပန်စက်ရုပ်များ ၊ အမေရိကန်ဆေးပညာရပ်ဆိုင်ရာ တန်ဆာပလာများ ၊ သြစတြေးလျနာမည်ကျော်ဝိုင်အရက်များ ၊ ဘရာဇီးစက်မှုလယ်ယာထွက်ကုန်များ နှင့်တောင်ဆူဒန်လက်မှုပစ္စည်းများအပါအဝင် အရည်အသွေးမြင့်ကုန်ပစ္စည်းအမျိုးမျိုးကို ပြပွဲတွင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

“ ခေတ်သစ် ၊ မျှဝေအနာဂတ်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ပြပွဲကြီးသည် သမ္မတရှီကျင့်ဖိန်၏ ဉာဏ်အမြော်အမြင်ကြီးမားမှုတစ်ခုဖြစ်ပြီး win-win စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် စြင်္က ံတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အဆင့်မြင့်တံခါးဖွင့်ခြင်းဆိုင်ရာ သမိုင်းတွင်မည့် စီမံချက်တစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် သွင်းကုန်တိုးမြှင့်ခြင်း၏ အရေးပါမှုကို ထုတ်ဖော်ပြသမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် ဈေးကွက်ဝင်ရောက်ခွင့်ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန် ၊ စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖော်ဆောင်ရန် ၊ တံခါးဖွင့်ခြင်းဖြင့် ရေပြင်ညီတန်းတူညီမျှမှုတစ်ခုကို ရှာဖွေဖော်ထုတ်သွားရန် နှင့် နှစ်နိုင်ချင်းအဆင့် နှင့် နိုင်ငံစုံအဆင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။

“ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကို တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း နဲ့ကမ္ဘာကြီးထဲဝင်ရောက်ဖို့ တရုတ်နိုင်ငံက ၎င်းကိုယ်တိုင် အနာဂတ် တံခါးဖွင့်ခြင်းကို စီစဉ်ထားကြောင်းကို သမ္မတရှီထံမှ ထပ်လောင်းအတည်ပြုချက် ကြားသိခွင့်ရတဲ့အတွက် ကျွန်တော်တို့အားတက်မိပါတယ်” ဟု အမေရိကန်အခြေစိုက် Cargill လယ်ယာစီးပွားကုမ္ပဏီ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Robert Aspell က ပြောကြားခဲ့သည်။ Cargill ကုမ္ပဏီသည် CIIE ပြပွဲတွင် ပါဝင်ပြသခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လာမည့် ဒုတိယအကြိမ်ပြပွဲတွင်လည်း ပါဝင်ပြသသွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းကို Aspell က ဆိုသည်။

“ ဒါဟာ ပထမအကြိမ်CIIE ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ခြေလှမ်းတစ်ခုပါပဲ ” ဟူ၍ ၎င်းကဆိုသည်။

ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကြီးသည် တရုတ်နိုင်ငံ၏ အကူးအပြောင်းမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ရောင်ပြန်ဟပ်သည့်ဆုံမှတ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလုပ်ရုံမှ ကမ္ဘာ့အဈေးကွက်အဖြစ်သို့ရွေ့လျားသွားနေခြင်း နှင့်အတူ ကမ္ဘာ့အရေအတွက်အများဆုံး လူလတ်တန်းစားများအတွက် အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ဝယ်လိုအား ရှိကြောင်း ပြသနေခြင်းလည်းဖြစ်သည်။

သမ္မတရှီက နိုဝင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ရာ၌ တရုတ်နိုင်ငံ၏ သွင်းကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုကဏ္ဍများသည် လာမည့် ၁၅ နှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ဝ ထရီလီယံ နှင့် ၁ဝ ထရီလီယံ အသီးသီးရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။ ထို့ပြင်တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စက်မှုသွင်းကုန်နိုင်ငံအဖြစ် ၉ နှစ်ဆက် ရပ်တည်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါနာနိုင်ငံ၏ ကိုကိုးစက်မှုကုန်ထုတ်လုပ်ငန်း Cocoa Board မှ အမှုဆောင်အရာရှိချုပ် Joseph Boahen Aidoo က ပြောကြားရာတွင် ယခုကျင်းပသောပြပွဲသည် အနောက်အာဖရိကနိုင်ငံများ၏ ကိုကိုးပို့ကုန်များအတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“ တရုတ်နိုင်ငံမှ ကျွန်တော်တို့ဈေးကွက်ကို ရေပြင်ညီတန်းတူ ရောင်းဝယ်ဖောက်ကားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ လူပေါင်း ၁.၃ ဘီလီယံအကြောင်းကို ပြောနေကြတာပါ။ ပြီးတော့အကယ်၍ အဲဒီဈေးကွက်မှာ ၁ ရာခိုင်နှုန်းပဲ ရရင်တောင် အဲဒါက သိပ်ကိုကြီးမားတဲ့ ပမာဏပါပဲ။ ဒါကြောင့်လူတိုင်းလူတိုင်းက တရုတ်ဈေးကွက်ကို မျက်စိကျနေကြတာပါ ” ဟု Aidoo က ဆိုသည်။

ယခုနှစ်သည်တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်စီးပွားရေး လုပ်ဆောင်ခဲ့သည့် နှစ် ၄ဝ မြောက် အခါသမယဖြစ်ပြီး တံခါးဖွင့်ခြင်းဖြင့် တရုတ်နိုင်ငံကြီးသည် ခိုင်မာတောင့်တင်းမှုတစ်ခုကို မြင်တွေ့လာခဲ့ကြပြီဖြစ်သည်။

“ ကမ္ဘာကြီးနဲ့ဝင်ထွက်ဖို့တရုတ်နိုင်ငံဟာ သူ့နိုင်ငံတံခါးကို ပိတ်ထားမှာမဟုတ်ပါဘူး။ ပို၍ပို၍ ဖွင့်သွားဖို့ပဲရှိပါတယ်” ဟု သမ္မတရှီက ဆိုသည်။(Xinhua)