Connect with us

Economy

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် အမေရိကန်၏ နောက်ဆုံးပေါ်ထုတ်ကုန်များ ပြသ

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဝင်ရောက်ပြသကြသည့် အမေရိကန် ကုမ္ပဏီအချို့၏ ပြခန်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြုလုပ်နေသော ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ဝင်ရောက်ပြသသည့် အမေရိကန်နိုင်ငံမှ ကုမ္ပဏီ ၁၉၂ ခုရှိပြီး ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ပထမအကြိမ်ပြပွဲကထက် ၁၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရသည်။

အမေရိကန် ကုမ္ပဏီများ၏ ပြခန်းဧရိယာမှာ ၄၇,၅၀၀ စတုရန်းမီတာရှိပြီး ပြပွဲအတွင်း ဝင်ရောက်ပြသသည့် နိုင်ငံများအနက် ပြခန်းဧရိယာအကျယ်ဆုံးလည်း ဖြစ်သည်။

အမေရိကန် ကုမ္ပဏီများတွင် အစားအသောက်နှင့် အဝတ်အထည်မှစ၍ မော်တော်ယာဉ်နှင့် လေယာဉ်များအထိ လာရောက်လေ့လာသူများ ရှာဖွေသမျှအရာအားလုံးနီးပါး တွေ့ရှိနိုင်သလို တရုတ်နိုင်ငံ၏ ဈေးကွက်ဝေစုကြီးတစ်ခုကို ဆုပ်ကိုင်ရန်နှင့် ပြပွဲအတွင်း သဘောတူစာချုပ်များ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.