Connect with us

Economy

တရုတ်နိုင်ငံ၏ Single’s Day တွင် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၃ ဘီလီယံဖိုး ရောင်းချ

တရုတ်နိုင်ငံ၏ TMall တွင် Single’s Day ဈေးရောင်းချမှုကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ TMall ဝက်ဘ်ဆိုက်မှတစ်ဆင့် နိုဝင်ဘာ ၁၁ ရက် Single’s Day တွင် ယွမ် ၂၆၈ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၃ ဘီလီယံခန့်) ရောင်းချခဲ့ရကြောင်း သိရသည်။

TMall ဝက်ဘ်ဆိုက်၏ ပိုင်ရှင် အလီလီဘာဘာ (Alibaba) ၏ ပြောကြားချက်အရ တရုတ်နိုင်ငံတွင် ယခုနှစ် လွတ်လပ်စွာဈေးဝယ်ယူခြင်းနေ့၌ နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ မှ ပြည်ပကုန်အမှတ်တံဆိပ်ပေါင်း ၂၂,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

e-commerce ဝက်ဘ်ဆိုက်ဖြစ်သော TMall က ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံသား လူငယ်များက Single’s Day အဖြစ် သတ်မှတ်ကာ နှစ်စဉ်အွန်လိုင်း ဈေးဝယ်အစီအစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

TMall ၏ ပထမဆုံး ဈေးဝယ်ပွဲတော်၌ ယွမ် ၅၂ သန်း ရောင်းချခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အလီဘာဘာ၏ Single’s Day ရောင်းချမှုမှာ ယွမ် ၂၁၃ ဒသမ ၅ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.