Connect with us

Economy

Fortune 500 ကုမ္ပဏီများ တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)တွင် အမြဲမပြတ်ပါဝင်လာ

တတိယအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)၏ ပြပွဲအဆောက်အဦအား နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(Photo by Wu Kai/Xinhua)

ရှန်ဟိုင်း၊နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရှန်ဟိုင်း၌ ကျင်းပလျက်ရှိသည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)တွင် ပါဝင်ပြသသည့် Multinational corporation နိုင်ငံတကာကုမ္ပဏီလုပ်ငန်းရှင် အများအပြား စုစည်းလျက်ရှိရာ အများစုမှာ CIIE ပြပွဲတွင် မပြတ်ပါဝင်ကြသည့် ဖောက်သည်များဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE)ရုံး ဒုတိယ ညွှန်ကြားရေးမှူး စွန်းချန်ဟိုင်က Multinational corporation နိုင်ငံတကာကုမ္ပဏီလုပ်ငန်းအများစုက ပြပွဲတွင် သုံးကြိမ်ဆက်တိုက် ပါဝင်ပြသကြကြောင်း ဆိုသည်။“CIIEမှာ ပါဝင်ပြသဖူးတဲ့ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေကတော့ ၁၀ ခုမှာ ၇ ခုက ဒီနှစ် ကျွန်တော်တို့ ပြပွဲကို ပြန်လာကြတယ်”ဟု ၎င်းက ဆိုသည်။

တတိယအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)၏ ပြပွဲမြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်(Photo by Zhao Ding Zhe/Xinhua)

ပြန်လည်လာရောက်ပါဝင်ပြသသည့် ကုမ္ပဏီလုပ်ငန်းကြီးများတွင် အမေရိကန်မှ Ford Motor Company၊ Qualcomm၊ ပြင်သစ်မှ Louis Dreyfus Company B.V.၊ ဆွစ်ဇာလန်မှRoche Holding AG စသည့် နိုင်ငံစုံ ကုမ္ပဏီကြီးများပါဝင်ကြောင်း သိရသည်။ ယခုနှစ် ပြပွဲစုစုပေါင်း ဧရိယာကို ပြီးခဲ့သည့်နှစ်ထက် စတုရန်းမီတာ ၃ သောင်းခန့် တိုးချဲ့ထာရာ Fortune 500 ကုမ္ပဏီလုပ်ငန်းကြီးများ၏ ပြခန်းဧရိယာအကျယ်သည်လည်း ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

တတိယအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)၏ ပြပွဲမြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်(Photo by Fang Zhe/Xinhua)

တတိယအကြိမ်မြောက် သွင်းကုန်ပြပွဲမကျင်းပမီ အစောပိုင်းကာလ တစ်လကျော်တွင် စတုတ္ထအကြိမ်မြောက် သွင်းကုန်ပြပွဲအတွက် နာမည်စရင်းပေးသွင်းမှုများကို စတင်လက်ခံခဲ့သည်။ လက်ရှိအချိန်အထိ တောင်ကိုရီးယား၏ HYUNDAI၊ ဂျပန်၏ SHISEIDO၊ ပြင်သစ်၏ Michelin စသည့် ဒါဇင်နှင့်ချီသော ကုမ္ပဏီလုပ်ငန်းများသည် လာမည့်သုံးနှစ် သွင်းကုန်ပြပွဲ၏ ပြခန်းနေရာကို ကြိုတင် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ Theland Dairy သည် CIIEပြပွဲ သုံးကြိမ်စလုံး ပါဝင်ပြသခဲ့သည်။ Theland Global R&D မန်နေဂျာ Roy Van den Hurkက လာမည့်သုံးနှစ်တွင်လည်း နှစ်စဉ် လာရောက်ပြသသွားမည်ဖြစ်ကြောင်း ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်မှုကြောင့် ၁၄ ရက် သီးခြားခွဲထား ကျန်းမာရေးအခြေအနေစောင့်ကြည့်မှုခံယူရန် လိုအပ်သော်လည်း Roy Van den Hurkက တရုတ်နိုင်ငံကို လာရောက်၍ သွင်းကုန်ပြပွဲတွင် အရောက်ပါဝင်မည့် ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ပထမနှစ်က ကျွန်တော်တို့ အစမ်းသဘောနဲ့ လာတာပေါ့။ မြိုးမြိုးမြက်မြက် အကျိုးဖြစ်ထွန်းတော့ ဒုတိယအကြိမ် သွင်းကုန်ပြပွဲမှာ ပြခန်းကို ထပ်ချဲ့လိုက်တယ်။ CIIEက ကျွန်တော်တို့အတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးထားတာ။ ကျွန်တော်တို့ လက်လွှတ်လို့မရပါဘူး”ဟု Roy Van den Hurkက ဆိုသည်။

ထိုသို့သော CIIE ပြပွဲတွင် မပြတ်ပါဝင်ပြသသည့် ဖောက်သည်များအပြင် ယခုနှစ်တွင် အသစ်ပါဝင်သည့် Fortune 500၏ ကုမ္ပဏီ ၅၀ ခန့် နှင့်အခြားကုမ္ပဏီလုပ်ငန်းကြီးများသည်လည်း မပြတ်ပါဝင်ပြသမည့်သူများ ဖြစ်ကြသည်။ Uniqloသည် ပထမဆုံးအကြိမ်ပါဝင်ပြသခြင်းဖြစ်သော်လည်း ပြခန်းအကျယ်စတုရန်းမီတာ ၁,၅၀၀ ခန့်ကို နေရာယူပြသရောင်းချလျက်ရှိရာ ယခုနှစ် ပြပွဲ၏ရှေ့ဆောင် ဖြစ်နေသည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၏ ဖန်တီးမှုအနေဖြင့် ရှန်ဟိုင်း တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကြီး(CIIE)သည် ပြည်တွင်းပြည်ပ ကုန်သည်လုပ်ငန်းရှင်များ အထူး အာရုံစိုက်ကြသည့် ပူးပေါင်းဖလှယ်မှုပလက်ဖောင်းတစ်ခုဖြစ်သည်။ ယခုကျင်းပသည့် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)တွင် လုပ်ငန်းကျွမ်းကျင်သူ ၄ သိန်းခန့် လာရောက်ကြည့်ရှုမည်ဟု ခန့်မှန်းရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.