Connect with us

Economy

အမေရိကန်ထက် တရုတ်မှာ ဘီလျံနာ ပိုများလာကြောင်း Hurun Report ကထုတ်ပြန်

Dalian Wanda Group ၏ ဥက္ကဋ္ဌ Wang Jianlin အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

လက်ရှိတွင် တရုတ်နိုင်ငံတွင် ဘီလျံနာ (Billionaries) ၅၆၈ ဦးရှိလာပြီး ဘီလျံနာ ၅၃၅ ဦးရှိသော အမေရိကန် နိုင်ငံကို ကျော်တက်ကာ ကမ္ဘာပေါ်၌ ဘီလျံနာ အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်လာကြောင်း တရုတ် Hurun Report က ဖော်ပြထားသည်။

Hurun Report လစဉ်ထုတ် မဂ္ဂဇင်းသည် တရုတ်နိုင်ငံရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်များကို အဆင့် သတ်မှတ်ပေး သည့် မဂ္ဂဇင်းလည်း ဖြစ်သည်။

Hurun Report အရ တရုတ်နိုင်ငံမှ အချမ်းသာဆုံး ပုဂ္ဂိုလ် အရေအတွက်သည် ၂၀၁၅ ခုနှစ် သြဂုတ်လမှ စတင် ၍ အမေရိကန်မှ အချမ်းသာဆုံး ပုဂ္ဂိုလ် အရေအတွက်ထက် ပိုမိုများပြားလာခဲ့ပြီး ယမန်နှစ်နှင့်ယှဉ်လျှင် အချမ်း သာဆုံး ပုဂ္ဂိုလ် အရေအတွက် ၉၀ ဦး မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် Dalian Wanda Group ၏ ဥက္ကဋ္ဌ Wang Jianlin မှ ထပ်မံရွေး ချယ်ခံခဲ့ရပြီး ပိုင်ဆိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ ရှိသည်။

အိမ်ခြံမြေကဏ္ဍသည် တရုတ် ဘီလျံနာများ ချမ်းသာရခြင်း၏ အဓိကအရင်းအမြစ် ဖြစ်ပြီး ယင်းလုပ်ငန်းမှ ဘီလျံနာ ၁၁၇ ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ကုန်ထုတ်လုပ်ငန်းဖြင့် ဘီလျံနာ ဖြစ်လာသူ ၉၄ ဦးရှိပြီး နည်းပ ညာ ဆိုင်ရာလုပ်ကိုင်ခြင်းဖြင့် ၆၈ ဦးက ဘီလျံနာ ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.