Connect with us

Economy

G20 ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင်လတွင် ရှန်ဟိုင်းမှာ ကျင်းပမည်

G20 ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးအား ၂၀၁၅ ခုနှစ်က တူရကီတွင် ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

G20 ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇူလိုင်လ ၉ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများအား ဆွေးနွေးမည် ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်က ပြောသည်။

တရုတ်နိုင်ငံသည် G20 ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လွှဲပြောင်း ရယူခဲ့သလို G20 ဟန်ကျိုး ထိပ် သီး အစည်းအဝေး (G20 Hangzhou Summit) အား စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ပြုလုပ် မည် ဖြစ်သည်။

“စီးပွားရေး တိုးတက်မှုအတွက် မောင်းနှင်အားက အားနည်းလာတဲ့အတွက် ကမ္ဘာ့ ကုန်သွယ်ရေးဟာ နှေးကွေး လာပါတယ်၊ ဒါကြောင့် G20 အဖွဲ့ဝင်တွေ အနေနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တိုး တက်လာစေရန် ခိုင်မာတဲ့ သဘောထားတွေ ရှိပါတယ်” ဟု စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ စိန်သန်းယန် (Shen Danyang) က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ အဆိုပြုချက်အား အခြေခံ၍ G20 ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလုပ်အဖွဲ့အား ထူထောင်ခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးများနှင့် အလုပ်အဖွဲ့ ပါဝင်သည့် အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင် ရာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ ကုန်သွယ်ရေး ကျယ်ပြန့်မှုနှင့် ဘက်စုံ ကုန်သွယ်ရေးစနစ်ဖွံ့ဖြိုးမှု စသည့် ခေါင်းစဉ်များ အပါအဝင် အခြား အကြောင်းအရာများအား အသေးစိတ်ဆွေးနွေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.