Connect with us

Economy

တရုတ်နိုင်ငံ၏ ဟိုင်နန်လေကြောင်းလိုင်းက ဘရပ်ဆဲလ်မြို့နှင့် ချုံချင့်မြို့အကြား ဆက်သွယ်ထားသော တိုက်ရိုက်လေယာဉ်ခရီးစဉ်အသစ် စတင်ပြေးဆွဲ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့လေဆိပ်တွင် ဘရပ်ဆဲလ်မြို့မှ ချုံချင့်မြို့သို့ပျံသန်းမည့် ဟိုင်နန်လေကြောင်းလိုင်း၏ HU470 ခရီးစဥ်အတွက် လေယာဥ်အရှေ့တွင် အဖွဲ့လိုက်ဓါတ်ပုံရိုက်နေကြသော ခရီးသည်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟိုင်နန်လေကြောင်းလိုင်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင့်မြို့အကြား ဆက်သွယ်ထားသော တိုက်ရိုက်ခရီးသည်တင် လေယာဉ် ဝန်ဆောင်မှုတစ်ခုကို နိုဝင်ဘာ ၂၂ ရက်က စတင်ပြေးဆွဲပေးခဲ့ခြင်းဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသအကြား လေကြောင်းအဆက်အသွယ်သစ်တစ်ခုကို ထပ်မံပေါင်းထည့်နိုင်ခဲ့သည်ဟု သိရသည်။ဘရပ်ဆဲလ်မြို့မှ လေယာဉ်ခရီးစဉ် HU470 ဖြင့် တစ်ပတ် ၃ ကြိမ် ပျံသန်းပြေးဆွဲမည့် အဆိုပါခရီးစဉ်မှာ ပေကျင်းမြို့တော်၊ ရှန်ဟိုင်းမြို့နှင့် ဆန်းကျန့်မြို့များသို့ ပျံသန်းပြေးဆွဲပေးနေသော ဝန်ဆောင်မှုများ ပြီးလျှင် ဟိုင်နန်လေကြောင်းလိုင်း၏ ဘရပ်ဆဲလ်မြို့နှင့် တရုတ်ပြည်မကြီးကို စတုတ္ထမြောက် တိုက်ရိုက် ချိတ်ဆက်ပျံသန်းခြင်းဖြစ်သည်ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့လေဆိပ်တွင် ဘရပ်ဆဲလ်မြို့မှ ချုံချင့်မြို့သို့ပျံသန်းမည့် ဟိုင်နန်လေကြောင်းလိုင်း၏ HU470 ခရီးစဥ်အတွက် လေယာဥ်အရှေ့တွင် အဖွဲ့လိုက်ဓါတ်ပုံရိုက်နေကြသော ခရီးသည်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဘရပ်ဆဲလ်-ချုံချင့် လေယာဉ်ခရီးစဉ်ကို ထပ်မံပေါင်းထည့်နိုင်မှုနှင့်အတူ ဟိုင်နန်လေကြောင်းလိုင်းမှာ လက်ရှိတွင် ဘယ်လ်ဂျီယမ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ရက်သတ္တပတ်တစ်ခုလျှင် ခရီးသည်ပို့ဆောင်ရေး လေယာဉ်ခရီးစဉ်ဝန်ဆောင်မှုပေါင်း ၁၇ ကြိမ် ပျံသန်းပြေးဆွဲပေးနိုင်ပြီဖြစ်သည်။

စတင်ပြေးဆွဲသည့် လေယာဉ်ခရီးစဉ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦးဖြစ်သူ အိုင်ဝိုနာဂျာကော့ဇ် က ယခုခရီးစဉ်မှာ ၎င်း၏ ချုံချင့်သို့ ဒုတိယအကြိမ်မြောက်အလည်အပတ်ခရီးဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ သူမ၏ ယခင်ခရီးစဉ်မှာ လေယာဉ်ကူးပြောင်းစီးနင်းမှု တစ်ကြိမ် လုပ်ရသဖြင့် နာရီ ၂၀ ကျော်ကြာမြင့်ခဲ့သည်။

” အခုတစ်ကြိမ်ကတော့ တိုက်ရိုက်လေယာဉ်ခရီးစဉ်ဖြစ်တဲ့အတွက် ၁၀ နာရီခန့်သာ ကြာမြင့်ခဲ့တာမို့ အလွန်အဆင်ပြေပါတယ်” ဟု ဂျာကော့ဇ်က ပြောကြားခဲ့သည်။ဂျာကော့ဇ်က ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်ပေးသည့်မူဝါဒကို အသုံးချခဲ့ပြီး ပန်ဒါ ဝက်ဝံကြီးများ၏ နေရင်းဒေသဖြစ်သော ချိန်တူးမြို့သို့ ခရီးမဆက်မီ ချုံချင့်မြို့၌ ၂ ရက်ကြာနေထိုင်ခြင်း အပါအဝင် တရုတ်နိုင်ငံအတွင်း၌ ၁၁ ရက်ကြာနေထိုင်ရန် စီစဉ်ထားသည်ဟု ဆက်လက်ပြောကြား ခဲ့သည်။

ဘရပ်ဆဲလ်လေဆိပ်ကုမ္ပဏီမှ ခရီးသည်ပို့ဆောင်ရေး အရာရှိချုပ် ဆယ်ဗီဗန်ဒန်အွန်ဒီကလည်း ခရီးစဉ် အသစ်မှာ ဥရောပသို့ ချိတ်ဆက်သွားရောက်လိုသည့် တရုတ်ခရီးသည်များအတွက်သာမက တရုတ်နိုင်ငံ သို့ ခရီးထွက်မည့် သို့မဟုတ် တရုတ်နိုင်ငံမှတစ်ဆင့် အခြားအာရှနိုင်ငံများသို့ ချိတ်ဆက်သွားရောက်မည့် ဘယ်လ်ဂျီယမ်ခရီးသည်များအတွက်ပါ ကြီးမားသည့်ကွဲပြားခြားနားမှုဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယမ်ခရီးသွားများ ကာလတိုလည်ပတ်မှုအတွက် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပေးနေသော မူဝါဒ၏အထောက်အကူပြုမှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဘရပ်ဆဲလ်နှင့် တရုတ်နိုင်ငံအကြား ခရီးသည်အသွားအလာမှာ ကပ်ရောဂါမဖြစ်ပွားမီအခြေအနေထက် ကျော်လွန်သွားမည်ဟု ဘရပ်ဆဲလ်လေဆိပ်ဘက်မှ မျှော်လင့်ထားကြောင်း ဗန်ဒန်အွန်ဒီက ဆက်လက်ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်လေဆိပ်အနေဖြင့် တရုတ်လေကြောင်းလိုင်းများနှင့်ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း ပြုလုပ်ရန် ရည်ရွယ်ထားသလို ၂၀၂၆ ခုနှစ်တွင်လည်း တရုတ်နိုင်ငံမှ မြို့ကြီးများသို့ တိုက်ရိုက်လေယာဉ် ခရီးစဉ်အသစ်များ ထပ်မံပြေးဆွဲနိုင်ရန် မျှော်လင့်ထားသည်ဟု ဗန်ဒန်အွန်ဒီက နိဂုံးချုပ်ပြောကြား ခဲ့သည်။ (Xinhua)
#China #Hainan Airlines #NewDirectFlight #Brussels-Chongqing
———————————-
China’s Hainan Airlines opens new direct flight linking Brussels, Chongqing
BRUSSELS, Nov. 22 (Xinhua)
China’s Hainan Airlines on Saturday launched a direct passenger service between Brussels and southwest China’s Chongqing Municipality, adding a new air link between Belgium and China’s western region.
The route, operated three times a week as flight HU470 from Brussels, is the carrier’s fourth direct connection from Brussels to the Chinese mainland, after services to Beijing, Shanghai and Shenzhen, the airline said.
With the addition of the Brussels-Chongqing flights, Hainan Airlines now operates 17 weekly passenger services between Belgium and China.
Iwona Jakobczyk, a passenger on the inaugural flight, told Xinhua it was her second visit to Chongqing. On her previous trip, a transfer meant the journey took more than 20 hours. “This time the direct flight took around 10 hours, which is very convenient,” she said.

Jakobczyk said she was making use of China’s visa-free policy and planned to stay in the country for 11 days, including two days in Chongqing before travelling on to Chengdu, home of the giant panda.
Sylvie Van den Eynde, chief passenger aviation officer at Brussels Airport Company, said the new route would “make a huge difference both for Chinese passengers who want to connect to Europe” and for Belgian passengers who travel to China or use China to connect to other Asian countries.
She said Brussels Airport expects passenger traffic between Brussels and China in 2025 to surpass pre-pandemic levels, supported by China’s visa-free entry policy for short-term visits by Belgian travellers.
The airport is looking to deepen cooperation with Chinese airlines and expects to add more direct routes to Chinese cities in 2026, she added. ■
Photo-1:
The Hainan Airlines inaugural flight HU470 from Brussels to Chongqing takes off at the Brussels Airport in Brussels, Belgium, Nov. 22, 2025.
(Hainan Airlines/Handout via Xinhua)
Photo-2:
Guests pose for a group photo in front of the Hainan Airlines inaugural flight HU470 from Brussels to Chongqing at the Brussels Airport in Brussels, Belgium, Nov. 22, 2025.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.