Connect with us

Economy

တရုတ်နိုင်ငံ၏ ဟိုင်နန် FTP ၌ အထူးအကောက်ခွန် လုပ်ငန်းများ စတင်လည်ပတ်ပြီးနောက် ပထမဆုံး နွေဦးပွဲတော်ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ငွေကြေးသုံးစွဲမှုတို့ တစ်ဟုန်ထိုး တိုးတက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် နွေဦးပွဲတော် အားလပ်ရက်အတွင်း အကောက်ခွန်ကင်းလွတ်သည့် စတိုးဆိုင်တစ်ဆိုင်၌ ဈေးဝယ်နေသူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း အပူပိုင်းဒေသဖြစ်သည့် ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ၌ အထူးအကောက်ခွန် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ပထမဆုံး နွေဦးပွဲတော် အားလပ်ရက်အတွင်း အဆိုပါကျွန်းပြည်နယ်သည် ခရီးသွားဧည့်သည်များအကြား လူကြိုက်များရေပန်းစားသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့ကာ ခရီးသွားလုပ်ငန်းနှင့် ငွေကြေးသုံးစွဲမှု ဈေးကွက်များကိုလည်း အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးလျက်ရှိသည်။ပြည်နယ်မြို့တော် ဟိုင်ခိုရှိ အထင်ကရ ချီလို ရှေးခေတ်လမ်း၌ အနီရောင်မီးပုံးများကို အစီအရီ ချိတ်ဆွဲထားခြင်းက ပျော်ရွှင်မြူးထူးဖွယ် အငွေ့အသက်များကို ဖြည့်တင်းပေးလျက်ရှိသည်။ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များက သမိုင်းဝင် ဆွဲဆောင်မှုနှင့် ရွှင်မြူးပျော်ရွှင်ဖွယ်ရာများ လွှမ်းခြုံထားသည့် ထိုလမ်းမတစ်လျှောက်တွင် အေးအေးလူလူ လမ်းလျှောက်နေကြသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ ချီလို ရှေးခေတ်လမ်းသို့ နွေဦးပွဲတော် အားလပ်ရက်အတွင်း လာရောက်လည်ပတ်နေသည့် ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နှစ်သစ်ကူးအားလပ်ရက် ပထမဆုံးနေ့တွင် နယ်သာလန် ခရီးသွားတစ်ဦးဖြစ်သည့် စထရိုဘော့စ်က ၎င်း၏ တရုတ်လူမျိုး ဇနီးသည်နှင့်အတူ အဆိုပါလမ်းမရှိ အရှေ့တောင်အာရှ ဒီဇိုင်းပုံစံ အဆောက်အအုံများကို လှည့်ပတ်ကြည့်ရှုရင်း မကြာခဏရပ်၍ ဓာတ်ပုံရိုက်ခဲ့သည်။

“နွေးနွေးထွေးထွေးရှိတယ်” ဟု ဟိုင်နန်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် စထရိုဘော့စ်က ဆိုသည်။ “ချီလို ရှေးခေတ်လမ်းက တော်တော်လေး နာမည်ကြီးလို့ ကျွန်တော် ဒီကိုလာခဲ့တာပါ။ ဒီနေရာက သိပ်လှပြီး အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင် အငွေ့အသက်ကလည်း အံ့မခန်းလောက်အောင်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် နွေဦးပွဲတော် အားလပ်ရက်အတွင်း အကောက်ခွန်ကင်းလွတ်သည့် စတိုးဆိုင်တစ်ဆိုင်၌ ကျသင့်ငွေရှင်းနေသည့် ဈေးဝယ်သူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါလမ်းမရှိ ပွဲဈေးတစ်ခု၌ ရိုးရာပွဲတော်မုန့်များမှသည် ဆန်းသစ်ဖန်တီးထားသည့် ယဉ်ကျေးမှုဆိုင်ရာ လက်မှုပစ္စည်းများအထိ ထုတ်ကုန်အမျိုးမျိုးကို ခင်းကျင်းပြသထားရာ လူအများအပြားကို ဆွဲဆောင်ထားခဲ့သည်။”ချီလို ရှေးခေတ်လမ်းဟာ ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုနဲ့ လေးနက်တဲ့ ရှင်သန်မှုအသိတွေ ပြည့်နှက်နေတယ်” ဟု တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှ မျိုးရိုးအမည် Cao ဟုအမည်ရသော ခရီးသွားတစ်ဦးက ဆိုသည်။

ပင်လယ်ပြင် အပျော်ခရီးထွက်သည့် ခရီးသွားလုပ်ငန်းသည်လည်း အားလပ်ရက်ကာလ၏ စည်ကားသိုက်မြိုက်မှုကို အားဖြည့်ပေးလျက်ရှိသည်။ တရုတ်နှစ်သစ် နှစ်ဆန်းတစ်ရက်နေ့တွင် Star Cruises သင်္ဘောလိုင်းမှ အပျော်စီးသင်္ဘောတစ်စင်းဖြစ်သည့် Star Voyager သည် ခရီးသည် ၁,၈၀၀ ကျော်နှင့်အတူ Sanya Phoenix Island နိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ရာ ဆန်းရမြို့၏ ခရီးသွားလုပ်ငန်း ဈေးကွက်ဆီသို့ အားအင်သစ်များ ဆောင်ကြဉ်းပေးခဲ့သည်။

ဆွီဒင်နိုင်ငံမှ ခရီးသွားဧည့်သည်တစ်ဦးဖြစ်သူ ဖရီးဒရစ်က ၎င်းအနေဖြင့် အပျော်စီးသင်္ဘောစီးရသည့် အတွေ့အကြုံနှင့် တရုတ်နွေဦးပွဲတော်၏ အငွေ့အသက်များကို ခံစားရသဖြင့် အလွန်ပျော်ရွှင်သည်ဟု ဆိုသည်။ဟိုင်နန်ပြည်နယ်တွင် ၉ ရက်ကြာ အားလပ်ရက်ကာလအတွင်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုမှာ အမြင့်ဆုံးဖြစ်လာမည်ဟု ခန့်မှန်းထားကာ ဝင်ထွက်သွားလာသည့် ခရီးသွားဧည့်သည် စုစုပေါင်း ၇၉,၃၀၀ ဦး ရှိလာပြီး ယမန်နှစ် အလားတူကာလထက် ၂၄.၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း ဟိုင်ခို နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာမှု အထွေထွေစစ်ဆေးရေးစခန်း၏ အဆိုအရ သိရသည်။

ပိုမိုပြည့်စုံကောင်းမွန်အောင် စီမံထားသည့် အကောက်ခွန်ကင်းလွတ်ခွင့် မူဝါဒ၊ ပိုမိုအမျိုးအစားစုံလင်လာသည့် ထုတ်ကုန်များနှင့် အစိုးရက ထုတ်ပေးသည့် ‌ငွေသုံးစွဲမှုဘောက်ချာနှင့် စတိုးဆိုင်များ၏ လျှော့ဈေးဖြင့် ရောင်းချမှုကို ပေါင်းစပ်ထားသည့် စနစ်တို့ကြောင့် ဟိုင်နန် FTP ၏ အထင်ကရ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် အကောက်ခွန်ကင်းလွတ်သည့် ဈေးဝယ်ထွက်မှုများသည်လည်း အားလပ်ရက်ကာလအတွင်း တစ်ဟုန်ထိုးမြင့်မားလာခဲ့သည်။ဟိုင်ခိုမြို့လယ်ရှိ အခွန်ကင်းလွတ်သည့် စတိုးဆိုင်တစ်ခု၌ မြင်းနှစ်အထိမ်းအမှတ် အဆင်တန်ဆာများဖြင့် အလှဆင်ထားခြင်းက ကြည်နူးဖွယ် အငွေ့အသက်ကို ပိုမိုတိုးပွားစေခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260221/bf84ae9f935a48aaa97b759972a58efa/c.html
…………………………………………………………..
(English Version)
Hainan FTP sees tourism, consumption boom during first Spring Festival after special customs operations
HAIKOU, Feb. 21 (Xinhua) — During the first Spring Festival holiday since the launch of island-wide special customs operations in China’s Hainan Free Trade Port (FTP), the southern tropical island has become a popular destination for tourists, injecting fresh momentum into the tourism and consumption markets.
At the iconic Qilou Old Street in the capital city of Haikou, rows of red lanterns add a festive ambiance. Tourists from home and abroad stroll through the street, immersed in the historical charm and festive joy.
On the first day of the holiday, a Dutch tourist, Strobos, toured the Southeast Asian style buildings there with his Chinese wife, stopping frequently to take photos.
“It’s warm,” said Strobos, who was visiting Hainan for the first time. “The Qilou Old Street is very famous, so we came here. It’s very beautiful. The buildings and the atmosphere are very impressive.”
A street festival market features a wide range of products, from traditional festival snacks to creative cultural handicrafts, drawing large crowds.
“The Qilou Old Street is full of cultural charm and a strong sense of life,” said a tourist surnamed Cao from central China’s Hunan Province.
Cruise tourism also added to the holiday boost. On the first day of the lunar year, the Star Voyager, a cruise ship under Star Cruises, docked at the Sanya Phoenix Island international cruise port with more than 1,800 passengers on board, bringing new vitality to Sanya’s tourism market.
A tourist from Sweden, Fredrik, said he was very happy to enjoy the cruise and the atmosphere of the Chinese Spring Festival.
According to the Haikou General Station of Exit and Entry Frontier Inspection, Hainan is expected to see a peak in cross-border travel during the nine-day holiday, with the total inbound and outbound tourists projected to reach 79,300, an increase of 24.1 percent year on year.
Duty-free shopping, a key feature of the Hainan FTP, also surged during the holiday, thanks to optimized duty-free policies, an expanded product range, and a combination of government consumption vouchers and store discounts.
At a duty-free store in downtown Haikou, decorations themed on the Year of the Horse added to the festive vibe.
https://english.news.cn/20260221/bf84ae9f935a48aaa97b759972a58efa/c.html
English Caption 1
Customers shop at a duty-free store during the Spring Festival holiday in Haikou, south China’s Hainan Province, Feb. 16, 2026. (Xinhua/Guo Cheng)
English Caption 2
Tourists visit the Qilou Old Street during the Spring Festival holiday in Haikou, south China’s Hainan Province, Feb. 15, 2026. (Xinhua/Guo Cheng)
English Caption 3
Customers check out at a duty-free store during the Spring Festival holiday in Haikou, south China’s Hainan Province, Feb. 16, 2026. (Xinhua/Guo Cheng)