ဂျိုဟန်နစ္စဘတ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တောင်အာဖရိက-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် ၉ ကြိမ် မြောက် တရုတ်-တောင်အာဖရိကကုန်စည်ပြပွဲကို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆက်အသွယ်များ တိုးမြှင့်ရရှိရန်ရည်ရွယ်ချယ်ဖြင့် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ကျင်းပခဲ့ရာ တက်ရောက်လာကြသူအရေအတွက် ထောင်နှင့်ချီ၍ ဆွဲဆောင်နိုင်ခဲ့သည်။...
ဟယ်ဆင်ကီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အထင်ကရစတိုးဆိုင်သစ်တစ်ဆိုင်ကို ဖင်လန်လူနေမှုပုံစံဒီဇိုင်းအမှတ်တံဆိပ် Marimekko က အောက်တိုဘာလ၌ ဖွင့်လှစ်မည်ဖြစ်ပြီး အာရှအား ၎င်း၏ နိုင်ငံတကာတိုးတက်ရေး အဓိကစျေးကွက်အဖြစ် အထင်အရှား ဖော်ပြလိုက်ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်၌ ဖွင့်လှစ်မည့် စတိုးဆိုင်သည် ဖက်ရှင်နှင့် လူနေမှုပုံစံ...
ချန်ချွမ်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့်ဂျာမနီနိုင်ငံ ဖက်စပ်ကားထုတ်လုပ်ရေးကုမ္ပဏီ ဖော-ဗောက်စ်ဝက်ဂွန်သည် အခြေစိုက်ထုတ်လုပ်ရာ နေရာတစ်ခုဖြစ်သည့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျီလျင်ပြည်နယ် မြို့တော်ချန်ချွမ်းရှိ ထုတ်လုပ်ရေး လိုင်းမှ နိုင်ငံခြားတင်ပို့မည့် ပထမအသုတ်ကားများထုတ်လုပ်ပြီးစီးသည့် အခမ်းအနားတစ်ခုကို စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ဗောက်စ်ဝက်ဂွန်ဂရု(ပ်)နှင့်ဖော်ဂရု(ပ်)တို့၏ ဖက်စပ်ကားထုတ်လုပ်မှုလုပ်ငန်းက Magotan...
ထိုက်ယွမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေး ကြွယ်ဝသော ဆန်းရှီးပြည်နယ်သည် ယခုနှစ် ပထမရှစ်လတာအတွင်း ကျောက်မီးသွေးဓာတ်ငွေ့ ကုဗမီတာ ၉.၈၁ ဘီလီယံ စံချိန်တင် ထွက်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ့စုစုပေါင်း၏ ၈၁.၃ ရာခိုင်နှုန်းရှိကြောင်း ဆန်းရှီးပြည်နယ်၏ စာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သည်။ ယခုနှစ်ပမာဏသည်...
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတာဝန်ရှိသူများသည် သံမဏိလုပ်ငန်းတွင် ဖွဲ့စည်းပုံအဆင့်မြှင့်ရန်နှင့် လုပ်ငန်းလည်ပတ်မှု တည်ငြိမ်စေရန် လုပ်ငန်းအစီအစဥ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) ၏ စက်တင်ဘာ ၂၂ ရက် အဆိုအရသိရသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်ကာလတွင် တရုတ်နိုင်ငံ၏...
ဖူကျိုး၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်က ဥရောပသို့ ၎င်း၏ ပထမဆုံး “ဝင်ရိုးစွန်းပိုးလမ်းမ” သင်္ဘောလမ်းကြောင်းကို စက်တင်ဘာ ၂၁ ရက်၌ စတင်ခဲ့သည်။ အစ္စတန်ဘူလ်တံတားဟု အမည်ရသည့် ကွန်တိန်နာတင်သင်္ဘောတစ်စင်းက ဖူကျိုးဆိပ်ကမ်း၏ ကျန်းယင်း ဆိပ်ကမ်းဧရိယာမှ စက်တင်ဘာ ၂၁ ရက်...
နန်နင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နန်နင်း၌ စက်တင်ဘာ ၂၁ ရက်၌ ကျင်းပပြီးစီးခဲ့ပြီး အဆိုပါအခမ်းအနားတွင်...
ဟဲဖေး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော်ဟဲဖေး၌ ကျင်းပခဲ့သော ကမ္ဘာ့ကုန်ထုတ် လုပ်မှုဆိုင်ရာညီလာခံတွင် ၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်ထုတ်လုပ်မှုလုပ်ငန်း ၅၀၀ စာရင်းကို စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ကူမင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း နိုင်ငံတကာ ပန်းမန်ပြပွဲကို စက်တင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ်ပြပွဲမှာ “ယူနန်ပြည်နယ် ကမ္ဘာ့ပန်းဥယျာဉ်သို့ သွားရောက်လိုခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးမှ လုပ်ငန်းကုမ္ပဏီပေါင်း ၅၀၀...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်ပြည်မကြီး၌ ဇန်နဝါရီမှ သြဂုတ်လအထိ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသည့်လုပ်ငန်း စုစုပေါင်း ၄၂,၄၃၅ ခုကို တည်ထောင်ခဲ့ပြီး ယင်းမှာ ယမန်နှစ်ကာလတူထက် ၁၄.၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါကာလအတွင်း အမှန်တကယ်အသုံးပြုဆောင်ရွက်သည့်...