ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) လျင်မြန်စွာတိုးတက်လာမှုနှင့် လိုက်လျောညီထွေမှုရှိစေရန် အရည်အသွေးမြင့် အားသွင်းနေရာအခြေခံအဆောက်အအုံကွန်ရက် တည်ဆောက်ရေး ထပ်မံမြှင့်တင်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကျောက်မီးသွေးကုန်ကြမ်းထွက်ရှိမှုမှာ မေလတွင် ပုံမှန်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက ကျောက်မီးသွေးကုန်ကြမ်း တန်ချိန် သန်း ၃၉၀ ထုတ်လုပ်ခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၄.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃...
ချင်းသောင်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) အချိန်ကာလ ၅ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင် ကမ်းရိုးတန်းမြို့တွင် တရုတ်- SCO ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဧရိယာ (SCODA) သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းသစ်အဖြစ် တိုးတက်ကြီးထွားလာခဲ့သည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့...
ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China EximBank) က ယခုနှစ် ပထမငါးလအတွင်း နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပံ့ပိုးကူညီရန် ချေးငွေ ယွမ် ဘီလီယံ ၇၃၀ (အမေရိကန်ဒေါ်လာ ၁၀၂.၄ ဘီလီယံ) ကျော် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပမာဏသည်...
တာ့လျန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်ဆိပ်ကမ်းမြို့တွင် ကျင်းပသည့် စီးပွားရေးမြှင့်တင်မှုကွန်ဖရင့်အတွင်း ကာလတန်ဖိုး ယွမ် ၂၇ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံခန့်) ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ဖရင့်သည် ဇွန်...
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အကောက်ခွန်အာဏာပိုင်များက နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် အစီအစဉ် ၁၆ ခုကို ကြေညာလိုက်ကြောင်း ဇွန် ၁၃ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်ကဏ္ဍသည် မေလတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ရောင်းအား ၃၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အဆိုပါလုပ်ငန်း၏ အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ချန်ရှားမြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော တတိယအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်စည်ပြပွဲက နှစ်ဘက်ကြား အရည်အသွေး မြင့်မားသော စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန်...
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိ ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ရီယက်ဒ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် ၈ ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယက်ဒ်တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း...