တရုတ်နိုင်ငံ၏ တရားဝင်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၏ ထင်မြင်ဖော်ထုတ်ချက်များအရ တရုတ်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ထင်ရှားသောနေရာအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ပြည်မကြီးတွင် ဇန်နဝါရီလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ ယမန်နှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း၊ ယွမ် ၁၂၇.၆၉ ဘီလီယံ တိုးချဲ့နိုင်ခဲ့ကာ FDI စီးဝင်မှုမှာလည်း ယမန်နှစ်ကထက်...
တရုတ်နိုင်ငံ ထိပ်တန်းငွေရေးကြေးရေးဆိုင်ရာ စောင့်ကြည့်စီမံရေးအဖွဲ့ က ၎င်း၏ ထိုက်သင့်သော ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အိမ်ခြံမြေလုပ်ငန်းတွင် သီးခြား ရန်ပုံငွေရှေ့ပြေးအစီအစဉ်ကို စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ (Xinhua) xhtxs.cn/EUH ————————- China’s top securities watchdog launches a pilot program for privately...
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ ဝူလူမုချီ နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းဧရိယာ၏ ကုန်သွယ်ရေးပမာဏ လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် အထူးသဖြင့် အလယ်အာရှနှင့်ဥရောပနိုင်ငံများသို့ တရုတ်-ဥရောပ အမြန်ရထားများ ထပ်တိုး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/EUO ———————– Xinjiang land port aims to...
တရုတ်နိုင်ငံ၏စီးပွားရေးသည် ကိုဗစ်-၁၉ ရောဂါသက်ရောက်မှုမှ ပြန်လည်ဆက်လက်ကောင်းမွန်လာခြင်းနှင့်အတူ တရုတ်နိုင်ငံ တောင်ဘက်စွန်း ကျွန်းပြည်နယ် ဟိုင်နန်သည် တစ်ကမ္ဘာလုံးရှိ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေရန်နှင့် ပြည်ပကုန်သွယ်ရေး ရှင်သန်အားကောင်းလာစေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ (Xinhua) xhtxs.cn/EUA #China #Hainan #Indonesia #Cooperation #တရုတ် #ဟိုင်နန် #အင်ဒိုနီးရှား #ပူးပေါင်းဆောင်ရွက်မှု —————————– Economic...
တရုတ်နိုင်ငံသည် ဇန်နဝါရီလတွင် COVID-19 တုံ့ပြန်မှုကို ကောင်းမွန်အောင် ဆောင်ရွက်ပြီးသည့်အချိန်မှစ၍ ခရီးသွားဈေးကွက်အရှိန်အဟုန်မြင့်မားလျက်ရှိသောကြောင့် ၂၀၂၃ ခုနှစ် နွေရာသီအားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားဈေးကွက်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည်ဟုမျှော်လင့်ရကြောင်း သိရသည်။ (Xinhua) xhtxs.cn/EUs ———————————- A full recovery of China’s domestic tourism market is...
တရုတ်နိုင်ငံ၏ စီးပွါးရေးပြန်လည်ဦးမော့လာခြင်းသည် အာဆီယံ ၏ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားသောကြောင့် ထိုင်းနိုင်ငံသည် နယ်ပယ်အသီးသီးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာကို ပိုမိုအဆင့်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူကပြောကြားသည်။ (Xinhua) xhtxs.cn/EUu —————————– As China’s economic recovery is...
COVID-19 ရောဂါနှင့်ဆက်စပ်သည့် ခရီးသွားကန့်သတ်ချက်များအား ဖြေလျှော့ပေးမှုကြောင့် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သွားလာမှုများသည် ဇန်နဝါရီလတွင် ၂.၁ သန်း ရှိခဲ့ပြီး နှစ်အလိုက် ၂၈ ဆ မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ERG ———————- Hong Kong’s air passenger traffic up 28...
တရုတ်နိုင်ငံက COVID-19 ရောဂါတုံ့ပြန်မှုများအား ချိန်ညှိခဲ့ပြီးနောက် နိုင်ငံ၏ စီးပွားရေးသည် အလျှင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးခဲ့ကြောင်း ၊ ယင်းမှာ အလုပ်အကိုင် ရှာဖွေရန် ပြည်သူများကို ယုံကြည်မှုများစွာ ရှိလာစေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EQM —————————- China Focus: Busy job fairs...
တရုတ်နိုင်ငံက ဇန်နဝါရီလတွင် ပစ်ကပ်ကုန်တင်ကား ၁၀,၀၀၀ အား တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၇၀ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း တရုတ်နိုင်ငံ ခရီးသည်တင်ကားအသင်းက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EP0 ———————— China’s exports of pickup trucks surge 70 pct in...
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစတင်ကာ ဒေသဆိုင်ရာ တာဝန်ရှိသူများက အလုပ်ရာထူး ၃၀,၀၀၀ ကျော် ကမ်းလှမ်းသည့် အလုပ်အကိုင်ပြပွဲ ၇ ခုအား ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုးတက်နေသော အလုပ်အကိုင်ဈေးကွက်သည် စီးပွားရေး ပြန်လည်ကောင်းမွန်လာစေမည့် လက္ခဏာပြသနေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EPd —————————– Thriving job market...