တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နှင့် သံတမန်ဆက်ဆံရေးရှိသော ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအားလုံးထံမှ တင်သွင်းသော သွင်းကုန်အမျိုးအစား အားလုံးအတွက် ဒီဇင်ဘာ ၁ ရက်မှစ၍ စည်းကြပ်ခွန် လုံးဝမကောက်ခံဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZgG …………………… (English Version) China steps up...
ခရီးစဉ်အခေါက်ရေ တစ်သိန်းမြောက် တရုတ်-ဥရောပ ကုန်တင်ရထားသည် ဂျာမနီနိုင်ငံ Duisburg မြို့သို့ ဆိုက်ရောက်လာတော့မည်ဖြစ်သည်။ ယင်းသည် အလွန်အရေးပါသော ပိုးလမ်းမ ချိတ်ဆက်မှုအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့်အပြင် ကုန်သွယ်မှုအား မြှင့်တင်ပေးကာ ကုန်စည်များကို အချိန်မီပို့ဆောင်နိုင်စေရန် အထောက်အကူပြုပြီး တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကိုလည်း ခိုင်မာအားကောင်းစေသည်။ (Xinhua) ……………………………………………………………………….....
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ တိုးတက်လာသည်နှင့်အမျှ ၎င်း၏ အဆင့်မြင့်သော၊ အသိဉာဏ်ရှိ ကုန်ထုတ်လုပ်မှုနှင့် ရေရှည်တည်တံ့မှုအတွက် တွန်းအားပေးမှုအပေါ် အာရုံစိုက် ထားသည့် ကုမ္ပဏီများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် တိုးတက်မှုအတွက် သိသာ ထင်ရှားသော အခွင့်အလမ်းများအဖြစ်...
တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အကူအညီပေးကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးနှင့် ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့်...
တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ကား (EVs) များအတွက် နှုန်းထားညှိနှိုင်းမှု အစီအစဉ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) အကြား ဆွေးနွေးညှိနှိုင်းမှုများက တိုးတက်မှုရရှိခဲ့ကာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
ရပ်ဝန်းနှင့် ပိုးလမ်း အဆိုပြုချက်၏ အထင်ကရအဖြစ် ချန်ကေးဆိပ်ကမ်းသည် ပီရူးနိုင်ငံနှင့် အာရှဒေသကြား ထိရောက်သောကုန်သွယ်ရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ သင်္ဘောဖြင့်ကုန်စည်တင်ပို့ချိန်အား အချိန် ၂၃ ရက်အထိ လျှော့ချပေးမည်ဖြစ်သလို ထောက်ပံ့သယ်ပို့ကုန်ကျစရိတ်မှာလည်း ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ http://xhtxs.cn/Zcr …………………………………….....
ရုန်ချိန် (ဆန်းတုန်း)၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂၈ ရက်တွင် ဆီးနှင်းများကျပြီးနောက် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့ရှိ အဏ္ဏဝါမွေးမြူရေးခြံကြီး အသီးသီး၏ ကမ်းလွန်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ခဲ့သည်။ တံငါသည်များသည် ငါးဖမ်းလှေများနှင့် သမ္ဗန်များကို မောင်းနှင်ကာ ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေကြပြီး ပင်လယ်ရေမှော်မျိုးစေ့များ ဖြန့်ကြဲစိုက်ပျိုးခြင်း၊ မွေးမြူရေးဖောင်များ...
အရေအတွက် တိုးပွားလာသော ပြည်ပ ငွေကြေးအဖွဲ့အစည်းများက အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးနေပြီး ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်ထားသည့် တရုတ်နိုင်ငံ ဈေးကွက်အတွင်း ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ငွေချေးသက်သေခံလက်မှတ် အဖွဲ့အစည်းသစ်များ တည်ထောင်ကာ ယင်း၌တည်ရှိသော စီးပွားရေးလုပ်ငန်းများအား နယ်ပယ်ချဲ့ထွင်ခြင်းဖြင့် တရုတ်နိုင်ငံအပေါ် တစိုက်မတ်မတ် စိတ်ချယုံကြည်မှုကို ပြသလျက်ရှိသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
ကမ္ဘာ့အကြီးဆုံး အပါချာ (aperture) နှင့် တုံ့ပြန်မှုအမြန်ဆုံး ရေဒီယိုတယ်လီစကုပ်ဖြစ်သော တရုတ်နိုင်ငံ၏ မီတာ ၅၀၀ Aperture Spherical Radio Telescope (FAST) သည် ကြယ်မှုန်အသစ် ၁,၀၀၀ ကျော်အထိ ခွဲခြမ်းစိတ်ဖြာနိုင်ကြောင်း ယင်းတယ်လီစကုပ်ကို လည်ပတ်လုပ်ကိုင်သူက နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။ (Xinhua)...
တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ကမ္ဘာကြီးအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ တရုတ်နွယ်ဖွားများ စီးပွားရေးနှင့် နည်းပညာ ထိပ်သီးအစည်းအဝေး (GCET Summit 2024) အား ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၌ နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...