Connect with us

Economy

ယွမ် ၉၄၀ ဘီလီယံ တန်ဖိုးရှိ PPP စီမံကိန်းများ အား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ အတွက် လမ်းဖွင့်ပေးမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံး ပြည်နယ် ရှရှမ်း မီးရထားလမ်း ဖောက်လုပ်နေသည်ကို တွေ့ရစဉ် ( ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်နယ် (၇) ခု ၌ အစိုးရပိုင်-ပုဂ္ဂလိကပိုင် စီးပွားဖက်များ စီမံကိန်း (PPP) ၂၈၇ ခုအား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ အတွက် လမ်းဖွင့်ပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်က ကြေညာ ခဲ့သည်။

ထို စီမံကိန်းများသည် တရုတ်ယွမ် ၉၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄၈ ဘီလီယံ) တန်ဖိုးရှိပြီး မြို့တော် စည်ပင်သာယာရေး လုပ်ငန်းများ၊ အဝေးပြေး လမ်းများ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများ၊ ရေထိန်းသိမ်းမှု လုပ်ငန်းများ နှင့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) နှင့် တရုတ် စက်မှု လုပ်ငန်းနှင့် စီးပွားရေး ဆိုင်ရာ တရုတ် အသင်းချုပ်တို့ ပူးပေါင်း ပြုလုပ်သည့် PPP စီမံကိန်း မြှင့်တင်မှု တယ်လီ ကွန်ဖရင့် တွင် ထိုသို့ကြေညာ ခဲ့ခြင်းဖြစ်သည်။

PPP သည် အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြား ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းများ ဖြစ်ပြီး အဆိုပါ စီမံကိန်းများကို ပုဂ္ဂလိက ကုမ္ပဏီများက ငွေကြေး စိုက်ထုတ်မှုနှင့် လုပ်ငန်းစဉ်များကို အဓိကပြုလုပ် ကြသည်။

စီမံကိန်းဆိုင်ရာ စီးပွားဖက်များ ပြုလုပ်မှုက အစိုးရ လုပ်ငန်းများနှင့် ထုတ်လုပ်မှုများကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နေသော်လည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှင့် ဘဏ္ဍာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ဖွဲ့စည်းပုံများ တိုးတက်အောင်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို တွန်းအား ပေးသွားမည် ဖြစ်ကြောင်း NDRC ၏ ဒုတိယ ဥက္ကဋ္ဌ ကျန်းယုံမှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတွင် ငွေကြေးထောက်ပံ့မှု ကြီးမားစွာ ကျဆင်းခြင်းအား လျော့ကျစေရန်နှင့် အိမ်ခြံမြေလုပ်ငန်း ကြီးမားစွာ ကျဆင်းစေသော နိုင်ငံ စီးပွားရေး ကျဆင်းမှု ပြန်လည် ခိုင်မာလာစေရန် PPP စီမံကိန်းများ ပြောင်းလဲ လုပ်ဆောင်လာလျက် ရှိသည်။

တရုတ် အစိုးရ အနေဖြင့် လည်း PPP စီမံကိန်းများအတွက် အတည်ပြု လုပ်ထုံး လုပ်စဉ်များအား အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ အခွန်အခ များကိုလည်း လျော့ပေါ့ပေး သွားမည် ဖြစ်ကြောင်း နှင့် အခြား ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့မှု များလည်း ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.