Connect with us

Economy

တရုတ်နှင့် ယူကေ ငွေကြေး ဖလှယ်မှု ဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး

ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော် ဗဟိုဘဏ် (PBOC) အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုဘဏ် နှင့် အင်္ဂလန်ဘဏ်တို့ အကြား အပြန်အလှန် ငွေကြေး ဖလှယ်မှုဆိုင်ရာ သဘောတူညီ ချက်အား သက်တမ်းတိုးလိုက်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာ ၂၁ ရက် က ကြေညာ ခဲ့ပါသည်။

အများဆုံး ဖလှယ်နိုင်မည့် ငွေကြေး ပမာဏမှာ ယွမ် ၂၀၀ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ)မှ ယွမ် ၃၅၀ ဘီလီယံ တိုးသွားမည်ဖြစ်ပြီး ယင်းသည် နောက်သက်တမ်း သုံးနှစ်အတွက် ဖြစ်သလို ထပ်မံ၍လည်း သက်တမ်း တိုးနိုင်မည် ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် တရုတ် စီးပွားရေးသမားများ ဗြိတိန်တွင် လုပ်ငန်း လုပ်ကိုင်ရာတွင် အထောက် အပံ့ ဖြစ်နိုင်ရန် ၊ ဒေသတွင်း ယွမ်ငွေကြေး ဖြင့် ရောင်းဝယ်မှုနှင့် စီမံခန့်ခွဲမှု တိုးမြင့်လာစေရန်နှင့် အရောင်းအဝယ် ထိန်းချုပ်ရေးနှင့် စီမံခန့်ခွဲနိုင်မှု မြှင့်တင်ရန်၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရေး အတွက် အဆင်ပြေ လွယ်ကူစေရန် စသည်တို့ အတွက် ဖြစ်သည်။ယခင် သဘောတူညီချက်အား ၂၀၁၃ ခုနှစ်က နှစ်နိုင်ငံလုံးက ပါဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ (Xinhua)