Connect with us

Economy

SF လေကြောင်းလိုင်းက ဝူဟန်-ဟနွိုင်း အပြည်ပြည်ဆိုင်ရာ ကုန်တင်လေကြောင်း ခရီးစဉ်များ စတင်

SF လေကြောင်းလိုင်းမှ လေယာဉ်ပျံတစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လေကြောင်းကုန်တင် ဦးဆောင်ကုမ္ပဏီဖြစ်သည့် SF လေကြောင်းလိုင်းများက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ချိတ်ဆက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း လေကြောင်းလိုင်းက ယနေ့ ပြောကြားခဲ့သည်။

ဝူဟန်-ဟနွိုင်း ခရီးစဉ်အား မတ် ၃၀ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး B757-200 ကုန်တင်လေယာဉ်ဖြင့် အပတ်စဉ် အပြန်အလှန် လေးကြိမ် ပျံသန်းဝန်ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လေကြောင်းလိုင်းထံမှ သိရသည်။

အဆိုပါ ခရီးစဉ်သစ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တို့အကြား ခရီးရောက်ပြီး တည်ငြိမ်သော လေကြောင်းကုန်တင် လမ်းကြောင်း အဖြစ် ဆောင်ရွက်ရန် မျှော်မှန်းကြောင်း ၊ ပို့ကုန် ၊ သွင်းကုန်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်အတွက် အီလက်ထရောနစ် ထုတ်ကုန်များ ၊ အီလက်ထရောနစ် အသုံးအဆောင်ပစ္စည်းများ ၊ အထည်လိပ်များ နှင့် အခြားကုန်စည်များ သယ်ဆောင်ရန် အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆန်းကျန့် မြို့၌ ရုံးချုပ်တည်ရှိသော SF လေကြောင်းလိုင်းများသည် တရုတ်နိုင်ငံ၏ ပို့ဆောင်ရေး ကုမ္ပဏီကြီး ဖြစ်သည့် SF Express ၏ လေကြောင်းဌာနခွဲ ဖြစ်သည်။ လတ်တလောတွင် ကုန်တင်လေယာဉ် ၆၄ စင်းဖြင့် ပျံသန်းပြေးဆွဲနေပြီး ပြည်တွင်း ၊ ပြည်ပ ခရီးစဉ် ၇၇ ခု၏ ကမ္ဘာလုံးဆိုင်ရာ ကုန်တင်လေကြောင်း ကွန်ရက်ရှိကြောင်း သိရသည်။

SF လေကြောင်းလိုင်းများသည် လေကြောင်းခရီးစဉ်ကွန်ရက်အား စဉ်ဆက်မပြတ်တိုးချဲ့ရန် နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ကုန်တင်လေကြောင်း သယ်ယူပို့ဆောင်ရေး စွမ်းရည် မြှင့်တင်ခြင်းကို ထောက်ပံ့ရန် နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှစ်ကြောင်းသွားပုံစံ (dual circulation) စံနမူနာပြ ဖြစ်စေရန် ကတိပြုထားကြောင်း သိရသည်။ (Xinhua)
——————————————–
(English Version)

SF Airlines launches Wuhan-Hanoi int’l cargo route

BEIJING, March 31 (Xinhua) — SF Airlines, China’s leading air cargo carrier, has launched a new international cargo route linking central China’s Wuhan and Vietnam’s capital Hanoi, the airline said Wednesday.

The Wuhan-Hanoi route that started operation on Tuesday will provide services of four weekly round-trip flights carried out by the B757-200 all-cargo freighter, according to SF Airlines.

The new route is expected to serve as an efficient and stable air cargo channel between central China and Southeast Asia. It will mainly meet import and export logistics demands on carrying electronic products, electronic accessories, cloth rolls and other goods.

Headquartered in Shenzhen, SF Airlines is the aviation branch of China’s delivery giant SF Express. It currently operates a fleet of 64 all-cargo freighters and has a global air cargo network of 77 destinations at home and abroad.

SF Airlines is committed to continuously expanding the air route network and enhancing air cargo transport capacity to support the global supply chain and China’s new development paradigm of “dual circulation,” the airline said.Edited