Connect with us

Economy

တရုတ်-ဥရောပရထား (ရှီးအန်း) ၂၀၂၁ ခုနှစ် သယ်ယူပို့ဆောင်သည့် ရထားတွဲအရေအတွက် (၃)သောင်း ကျော်ရှိပြီ ဖြစ်

ကုန်ပစ္စည်းများ တင်ဆောင်ထွက်ခွာသွားသည့် တရုတ်-ဥရောပရထား(ရှီးအန်း)အား တွေ့ရစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ကွန်ပရက်ဆာ၊High-voltage isolation switches၊ မော်တော်ယာဉ် အစိတ်အပိုင်းပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စက်ဘီးစသည့် ကုန်ပစ္စည်း များတင်ဆောင်ထားသော ရထားအတွဲ (၅၀)ပါ X8153 တရုတ်-ဥရောပ ရထားကြီးသည် မတ် ၂၂ ရက်က တရုတ်နိုင်ငံ ရှီးအန်းမြို့မှထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ၎င်းမှာ ယခုနှစ်အတွင်း တရုတ်-ဥရောပ ရထား (ရှီးအန်း) သယ်ယူပို့ဆောင်ရေးပမာဏသည် ရထားတွဲ (၃)သောင်းကျော်၊ (၃၀,၀၄၉)တွဲ ရှိပြီဖြစ်ရာ ယခင်နှစ်ကာလတူထက် (၂၄.၃၆)ရာခိုင်နှုန်းတိုးမြင့်လာခြင်း ဖြစ်သည်။

ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးမှ ကုန်းလမ်းပို့ဆောင်ရေးအဖြစ် ပြောင်းလဲလာခဲ့ရာတွင် တရုတ်-ဥရောပရထား(ရှီးအန်း)၏ ထပ်တိုးကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏသည် (၄၀)ရာခိုင်နှုန်းခန့် တိုးမြင့်လာကြောင်း China Railway Xi’an Group သက်ဆိုင်ရာ တာဝန်ခံတစ်ဦးက ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်ထိန်းချုပ် အခြေအနေအောက်တွင် တရုတ်-ဥရောပရထားသည် တည်ငြိမ်မှုရှိသည့် ပြည်ပကုန်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်မှစ၍ တရုတ်-ဥရောပ ရထား (ရှီးအန်း)သည် အလယ်အာရှ၊ တောင်အာရှ၊ အနောက်အာရှ နှင့် ဥရောပတိုက်ကို မျက်နှာမူ၍ လမ်းကြောင်း (၁၅)သွယ် ဖွင့်လှစ်လည်ပတ်နေခြင်းဖြစ်ပြီး ရထားလမ်းကြောင်းမှ ဒေသမျက်နှာစာသို့ ကျယ်ပြန့်လာခဲ့ရာ ဥရောပ-အာရှတိုက်နှစ်ခုပေါင်းစည်းနေသည့် ယူရေးရှားကုန်းမြေကို လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်သည်။(Xinhua)
#China, #Europe, #Train, #Xinhua, #တရုတ်, #ဥရောပ, #ရထား, #ကုန်သွယ်ရေး, #ဆင်ဟွာ

——————————————
(Chinese Version)

中欧班列(西安)2021年运输车数已突破3万车

 新华社西安3月23日电(记者张斌)3月22日,装载着压缩机、高压隔离开关、汽车配件、小家电、自行车等50车货物的X8153次中欧班列从西安驶出,这标志着今年以来中欧班列(西安)运输数量突破3万车,达到30049车,同比增长24.36%。

  中国铁路西安局集团有限公司相关负责人表示,受疫情影响,空运、海运转陆运的货物占中欧班列(西安)新增货运量的40%左右。在全球疫情防控形势下,中欧班列正成为一条稳定的对外贸易通道。

  自2013年以来,中欧班列(西安)共面向中亚、南亚、西亚及欧洲开通运行15条干线通道,辐射范围由“线”到“面”,已覆盖欧亚大陆全境。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.