Economy
Shanghai Sharks ဘတ်စကက်ဘော အသင်း ရှယ်ယာများအား ထုတ်ရောင်းရန် ရောင်မင်း စီစဉ်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် (CBA) ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်ခံရသည့် ဂန္တဝင်ဘတ်စကက်ဘောကစားသမား ရှောင်မင်းက လာမည့် ဘတ်စကက်ဘောရာသီမတိုင်ခင် Shanghai Sharks ဘတ်စကက်ဘောအသင်း၏ ရှယ်ယာများအား ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက် က ပြောကြားခဲ့သည်။
ဂန္တဝင်ဘတ်စကက်ဘောကစားသမား ရှောင်မင်းသည် ၂၀၀၂ခုနှစ်တွင် NBA ၌ ဝင်ရောက်မကစားခင် Shanghai Sharks ဘတ်စကက်ဘောအသင်း တွင် ကစားခဲ့ပြီး ၂၀၀၉ခုနှစ်တွင် အသင်းအားဝယ်ယူခဲ့ကြောင်း သိရသည်။ ထိုအချိန်ကတည်းက ရောင်သည် Shanghai Sharks ဘတ်စကက်ဘောအသင်း၏ ရှယ်ယာများအားထိန်းချုပ်သူ တစ်ဦးဖြစ်လာပြီး Shanghai Sharks အသင်းသည် ၂၀၁၇ခုနှစ် ရာသီပွဲ၌ တတိယနေရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)