Connect with us

Economy

အလီဘာဘာ သည် ဂျပန်နိုင်ငံ မှ SoftBank နှင့် ဖက်စပ် လုပ်ဆောင်မည်

အလီဘာဘာ ဥက္ကဋ္ဌ ဂျက်မား (ဘယ်) နှင့် SoftBank ကုမ္ပဏီ ဥက္ကဋ္ဌ မာဆာရိုရှိဆန် (လယ်) တို့အား pepper လူတူစက်ရုပ်နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ် E-commerce ကုမ္ပဏီကြီး တစ်ခု ဖြစ်သော အလီဘာဘာ သည် ဂျပန်နိုင်ငံတွင် Cloud computing ဝန်ဆောင်မှု ပေးရန်အတွက် ဂျပန်နိုင်ငံ၏ တယ်လီကွန်း အော်ပရေတာ ဖြစ်သည့် SoftBank နှင့် ဖက်စပ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မေလ ၁၃ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ဖက်စပ် လုပ်ငန်း အား SB Cloud ဟု အမည်ပေးထားပြီး ယင်းလုပ်ငန်း၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို SoftBank ကပိုင်ဆိုင်ပြီး ကျန် ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို အလီဘာဘာ က ပိုင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။ SoftBank ၏ မိခင် ကုမ္ပဏီ ဖြစ်သည့် SoftBank Group Corp., သည် အလီဘာဘာ တွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားကြောင်း သိရသည်။

SB cloud သည် အလီဘာဘာ၏ ကိုယ်ပိုင် cloud computing စနစ်ကို အသုံးပြုပြီး Amazon ၏ AWS နှင့် Microsoft ၏ Azure တို့၏ cloud ဝန်ဆောင်မှုများကို ယှဉ်ပြိုင်ကာ ဈေးကွက် ဖော်ဆောင်မှုနှင့် ကုန်ပစ္စည်း ရောင်းချမှုတို့ အတွက် SoftBank အပေါ် မှီခိုသွားမည် ဖြစ်ကြောင်း သိရသည်။

SB cloud သည် ဂျပန်နိုင်ငံတွင် ဒေတာ စင်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသေးစား ကုမ္ပဏီ ကနေ နိုင်ငံပေါင်းစုံ ပါဝင်သည့် ကုမ္ပဏီကြီး များအထိ အလီဘာဘာ၏ Cloud ဝန်ဆောင်မှုကို ဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အလီဘာဘာ အနေဖြင့် အမေရိကန်နိုင်ငံ၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ တို့တွင်လည်း ဒေတာ စင်တာများ ဖွင့်လှစ်ထားကြောင်း သိရသည်။

အလီဘာဘာ ၏ cloud computing ဝန်ဆောင်မှုများမှ ရရှိသော အကျိုုးအမြတ်သည် ၂၀၁၆ ခုနှစ် ပထမ သုံးလအတွင်း ၁၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တရုတ်ယွမ် ၁.၀၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၆၂ သန်း) ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.