Environment, Disasters & Accidents
တရုတ်နိုင်ငံတွင် လေ့ကျင့်ရေးလေယာဉ် ပျက်ကျမှုကြောင့် ၂ ဦး သေဆုံး
ရှီးအန်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှားအန်ရှီး ပြည်နယ် ရှိ လယ်ကွင်းထဲသို့ မတ်လ ၃၀ ရက် နံနက်ပိုင်းက လေ့ကျင့်ရေး လေယာဉ် တစ်စီး ပျက်ကျခဲ့ပြီး မောင်းနှင်နေသည့် သင်တန်းသား လေယာဉ်မှူးနှင့် လေယာဉ် သင်တန်းမှူး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လေယာဉ် ပျက်ကျမှုသည် ချန်ရန် စီရင်စုရှိ ရန်ကျား ကျေးရွာတွင် နံနက် ၁၀း၃၀ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး လေယာဉ် ပျက်ကျမှုကြောင့် မြေပြင်ပေါ်ရှိ လူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဒေသခံ အုပ်ချုပ်ရေးမှူးက သေဆုံးသူများသည် အသက် ၂၇ နှစ်အရွယ် လေယာဉ် သင်တန်းသား တစ်ဦး နှင့် အသက် ၃၂ နှစ်အရွယ် လေယာဉ် သင်တန်းမှူး တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။ ပျက်ကျခဲ့သည့် အဆိုပါ လေယာဉ်အား ရှားအန်ရှီး ဖီးနစ် အပြည်ပြည်ဆိုင်ရာ လေကြောင်း ကောလိပ်မှ ပိုင်ဆိုင်ပြီး ၎င်းအား ဒေသတွင်း လေကြောင်းလိုင်း လေယာဉ်မှူးများအား လေ့ကျင့်ပေးရန် အတွက် အသုံးပြုကြောင်း သိရသည်။
မျက်မြင် သက်သေများ၏ အဆိုအရ “Phoenix Flying College” ဟု ကိုယ်ထည်ပေါ်တွင် ရေးသားထားသော လေယာဉ်တစ်စီးသည် ထိန်းချုပ်မှု ကင်းလွတ်ကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့သည် ဟု ဆိုသည်။
ပျက်ကျရခြင်း အကြောင်းအရင်းကို ဆက်လက် စုံစမ်းစစ် ဆေးနေကြောင်း သိရသည်။ (Xinhua)