Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့ပိုင်း ကားချင်းဆင့်တိုက်မှုကြောင့် ၃ ဦး သေဆုံး၊ ၃၁ ဦး ဒဏ်ရာရ

ကားချင်းဆင့်တိုက်မှုအား ဧပြီလ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အဝေးပြေးလမ်းမကြီး တွင် ဧပြီလ ၂ ရက်က ကားချင်းဆင့်တိုက်မှု ဖြစ်ပွားရာ ၃ ဦးသေဆုံးပြီး ၃၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ယာဉ်ထိန်းရဲက ဧပြီလ ၃ ရက် ညပိုင်းက ပြောကြားခဲ့သည်။

အစောပိုင်း သတင်းများအရ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၅ ဦးသာရှိကြောင်း ဖော်ပြထားသည်။

ဒေသခံ ဆေးရုံတစ်ရုံတွင် ကုသမှုခံယူနေသူများ အနက် ၂ ဦး သေဆုံးသွားကာ အခြားကိုးဦးကို ကုသမှု ပြင်ဆင်နေဆဲဖြစ်သည်။ ဝူရှီးဆေးရုံတွင် ဆေးကုသနေ သူများအနက် တစ်ဦးသေဆုံးခဲ့ပြီး ကျန် ၂၂ ဦးမှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်ကြောင်း ချန်ကျိုး ယာဉ်ထိန်း ရဲ တပ်ဖွဲ့က ၎င်း၏တရားဝင် မိုက်ခရိုဘလော့အကောင့်ဖြင့် Weibo.com ၌ ရေးသားထားသည်။

အဆိုပါ မတော်တဆမှုမှာ ဧပြီလ ၂ ရက် တွင် ရှန်ဟိုင်းနှင့် နန်ကျင်းမြို့များသို့ ဆက်သွယ်ထားသည့် အဝေး ပြေးလမ်းမကြီး၏ ချန်ကျိုး အပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ယင်းနေရာသို့ ရောက်ရှိနေသူများ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများအား တရုတ် လူမှု မီဒီယာများ ဖြစ်သည့် Wechat နှင့် Weibo ပေါ်သို့ တင်ခဲ့ရာမှ လူအများ သတိပြုမိခဲ့ကြသည်။ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် ကားများမှာ ကစဉ့်ကလျား တိုက်မိနေပုံ အား ဓာတ်ပုံများက ပြသထားသည်။

ထိုယာဉ်တိုက်မှုတွင် အနည်းဆုံး ထရပ်ကား ၂ စီး၊ ဘတ်စ်ကား ၃ စီးနှင့် ကား စီးရေ ၂၀ ခန့် ပါဝင်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆင်ဟွာသို့ ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြူခိုးများကျဆင်းနေခြင်းကြောင့် မြင်ကွင်းဝေဝါးကာ လမ်းချော်မှုများကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.