Environment, Disasters & Accidents
တရုတ်နိုင်ငံ အရှေ့မြောက်ရှိ မိုင်းတွင်းတွင် ကျောက်မီးသွေးဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံး
ချန်ချွန်း၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ဘက် Jilin ဒေသရှိ ကျောက်မီးသွေးမိုင်းတစ်ခုတွင် မတ်လ ၆ ရက်က ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက မတ်လ ၇ ရက်က ပြောကြားခဲ့သည်။
မိုင်းတွင်း လုပ်သား ၁၂ ဦးမှာ အတွင်း၌ ပိတ်မိ သေဆုံးနေခဲ့ကြောင်း အတည်ပြုပြီး ကယ်ဆယ်ရေးသမားများက ဒဏ်ရာရသူ တစ်ဦးအား ကယ်ထုတ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် မတ်လ ၇ ရက် နံနက်က ကယ်ဆယ် ရေးလုပ်ငန်း အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ယင်း မတော်တဆမှုမှာ Baishan မြို့ရှိ တန်ဟွာ သတ္တုတွင်း လုပ်ငန်း ကုမ္ပဏီပိုင် ဆောင်ရှု မိုင်းတွင်း၌ မတ်လ ၆ ရက် နံနက် ၁၁း၂၀ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိုင်းတွင်း လုပ်သားများအား ကယ်ဆယ်ရာတွင် ကျန်းမာရေးလုပ်သား ၄၆ ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်သား ၃၁၆ ဦးက ကူညီ လုပ်ဆောင်ပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။
မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)